စစ်တွေ အောက်တိုဘာ ၃၀
၁၃၈၅ခုနှစ် (သီတင်းကျွတ်လပြည့်နေ့) အဘိဓမ္မာအခါတော်နေ့ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းတွင် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်ပတ်လည်၌ ဆီမီး ၁၀၀၀၀ကို ထွန်းညှိပူဇော်ပွဲ၊ မီးပုံပျံလွှတ်တင်ပူဇော်ပွဲသို့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများအတူ စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီး အနောက်ဘက်မုခ်ဝအနီး သိမ်တော်အတွင်း ကိန်းဝပ်း စံပယ်လျက်ရှိသည့် စကြာမုနိဘုရားအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့နှင့် ဝတ်ရွတ်အသင်းအဖွဲ့များ၊ အနယ်နယ် အရပ်အရပ်မှ လာရောက်ကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် စည်ကား သိုက်မြိုက်စွာ စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီး ရင်ပြင်ပတ်လည်၌ ဆီမီး ၁၀၀၀၀ကို ထွန်းညှိပူဇော်ကြပြီး မီးပုံပျံများ လွှတ်တင် ပူဇော်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)