ရသေ့တောင် အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ယနေ့နံနက်ပိုင်းက အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၊ စေတီယဂ်ဏဘုန်းကျောင်းတိုက်နှင့် အခြားသော ဘုန်းတော်ကြီးကျောင်းတိုက်တို့တွင် ဥပုသ်သီလ ခံယူဆောက်တည်သူများ၊ လှူဒါန်း ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်းကားလျက်ရှိပြီး အမျိုးသမီးဝတ်ရွတ်အသင်းများမှ အဘိဓမ္မာရွတ်ဖတ်ပူဇော်လျက်ရှိသည်။
ထို့အပြင် ညနေပိုင်းတွင်လည်း စေတီတောင်ဘုရားရင်ပြင်အောက်တွင် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်မှ လူငယ်များမှ ဦးဆောင်၍ မီးပုံးပျံလွှတ်တင်သူများဖြင့် အထူးစည်ကားလျက်ရှိပြီ ရပ်ကွက်အချို့တွင် စတုဒီသာအလှူ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)