လှိုင်းဘွဲ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ဆီဖူလုံမှုတိုးမြင့်ရေးအတွက် ဆောင်းဆီထွက်သီးနှံ (မြေပဲ၊ နှမ်း ၊ နေ ကြာ) များကို ယခုနှစ်အတွင်း တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ခုနှစ်၌ မြေပဲသီးနှံ ၆၇၆၈ ဧက (၁၀၁ ဒဿမ ၀၄%)၊ နှမ်းသီးနှံ ၈၉၄၈ (၁၀၀ ဒဿမ ၂၇% )၊ နေကြာသီးနှံ ၂၅၃ ဧက (၁၃၅ ဒဿမ၂၉%) စုစုပေါင်း ဆောင်းဆီထွက်သီးနှံစိုက်ဧက (၁၅၉၆၉) ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက်ကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ဆောင်းမြေပဲသီးနှံသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းနံဘေးတစ်လျှောက် ကျေးရွာများနှင့် လှိုင်းဘွဲချောင်း၊ ပိုင်ကျုံချောင်း၊ မဲပချောင်းအနီးရှိကျေးရွာများ၌ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်လျက်ရှိသကဲ့သို့ နှမ်းနှင့်နေကြာသီးနှံများ အထွက်နှုန်းပိုမိုတိုးမြှင့်လာစေရေးနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိခြင်းဖြင့် ဆီဖူလုံမှုတိုးမြင့်လာစေရေးတို့အတွက် တောင်သူအချင်းချင်း နည်းပညာဖလှယ်နိုင်ရေး၊ အကျိုဆောင်တောင်သူများနှင့် အတူမျိုးသန့်ဇုံများ၊ စံပြစိုက်ခင်းများ တည်ထောင်၍ တောင်သူပညာပေးလုပ်ငန်းများကို ရာသီအလိုက်၊ သီးနှံအလိုက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင် တိုက်နယ်အလိုက် တာဝန်ခံဝန်ထမ်းများက ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)