ကော့ကရိတ် ဇန်နဝါရီ ၁၅
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဉီး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီမှစတင်၍ ကော့ကရိတ်မြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ယာယီဖွင့်လှစ်ထားသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် မဲရုံတာဝန်ထမ်းဆောင်မည့်ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ရန်လိုအပ်သူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စုရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)