ကရင်ပြည်နယ်

ကရင်ပြည်နယ်အတွင်း မြစ်ရေတင်စီမံကိန်း (၆)ခုမှ  စိုက်ဧကပေါင်း ၂၄၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေသွားရန်လျာထားဆောင်ရွက်

ကရင်ပြည်နယ်အတွင်း တရုတ်လှ၊ ဘားကပ်၊ ထုံးအိုင်၊ ဇာသပြင်၊ သံလှယ်နှင့် ဂျိုင်း စသည့် မြစ်ရေတင်စီမံကိန်း (၆)ခုမှ  ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ဧကပေါင်း ၂၄၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေသွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး အဆိုပါမြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆိုလာ ဓာတ်အားပေးစနစ်ကို တွဲဘက်တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အပြည်ပြည်ဆိုင်ရာ စားသုံးသူများနေ့” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ စားသုံးသူများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နေ့လယ် ၁၁ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် အကြိမ်(၂၀) မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကရင်ပြည်နယ်အစိုးရအဖွဲ့ အကြိမ် (၂၀) မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဘားအံမြို့ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည့် စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ကော့ကရိတ်မြို့၌လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၅/၂၀၂၆) ဖွင့်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့ အမှတ်( ၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ခန်းမတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက် ၁၀နာရီက ဖွင့်လှစ်ပို့ချသည်။

ကျုံဒိုးမြို့တွင် အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံပြုခြင်း မွမ်းမံသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၌ မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ မဲပေးစက်ကိုင်များအား အီလက်ထရောနစ်နည်းပညာပိုင်းဆိုင်ရာ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းမွမ်းမံသင်တန်းကို ယနေ့ နံနက် ၉နာရီက ကျုံဒိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေ ဖတ်ကြစို့ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အ‌ခြေခံခံပညာအထက်တန်းကျောင်းတွင် ပညာရးစုံညီပွဲတော် ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုဆောင်းတွင်း အချိန်တွင်တောင်ပေါ်ကွမ်းရွက်ကြမ်းများဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့၊ အမိတာရာမရဲကျောင်းတိုက်ရှိ ဗောဓိမဏ္ဍိုင်မြကံသာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲ မဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ ဆွမ်းဆန်စိမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အမိတာရာမရဲကျောင်းတိုက်ရှိ ဗောဓိမဏ္ဍိုင်မြကံသာ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့်အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။

ပိုင်ကျုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီလ ၁၁ ရက်နေ့က သက်ဆိုင်ရာမဲရုံအသီးသီးတွင် ရပ်ရွာပြည်သူများတို့မှ အေးချမ်းစွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်