ကရင်ပြည်နယ်အတွင်း မြစ်ရေတင်စီမံကိန်း (၆)ခုမှ စိုက်ဧကပေါင်း ၂၄၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေသွားရန်လျာထားဆောင်ရွက်
ကရင်ပြည်နယ်အတွင်း တရုတ်လှ၊ ဘားကပ်၊ ထုံးအိုင်၊ ဇာသပြင်၊ သံလှယ်နှင့် ဂျိုင်း စသည့် မြစ်ရေတင်စီမံကိန်း (၆)ခုမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ဧကပေါင်း ၂၄၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေသွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး အဆိုပါမြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆိုလာ ဓာတ်အားပေးစနစ်ကို တွဲဘက်တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။