ကရင်ပြည်နယ်

မြဝတီခရိုင်စားသုံးသူရေးရာကော်မတီ (၁/ ၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ​မြဝတီခရိုင် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ကျင်းပသည်။

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့နယ် လှာကမြင်မြို့သစ်ရှိ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လိပ်သိုဒေသထွက် ငရုတ်သီးခြောက်များ စျေးနှုန်းကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် တောင်ပေါ် ငရုပ်သီးမျိုးများကို ဒေသခံတောင်သူများက တစ်နိုင်တစ်ပိုင်သော်လည်းကောင်း စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြသည်။

ကော့ကရိတ်မြို့၌ မီးခိုးမြူငွေ့ဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌  မီးခိုးမြူငွေ့ဖြစ်ပွားမှုထိန်းချုပ်နိုင်ရေးနှင့် လျှော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၊ သရဖီခန်းမ၌ ကျင်းပသည်။

ကမမောင်းမြို့ သံလွင်ဦးမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုသရုပ်ပြပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဈေးသူဈေးသားများနှင့်အတူ သံလွင်ဦးမြို့မဈေး၌ ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုအားပေး

ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၎င်းတို့ကိုအခြေခံသည် ကုန်ထုတ်လုပ်ငန်းများကိုအားပေးမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း ဒုံသမိမြစ်ကြားရှိ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။

မြဝတီခရိုင်၌  ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြှင့်မားစေရေး   ပိုမိုဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊မြဝတီခရိုင် မြဝတီမြို့ရှိ ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများကူးစက်ပျံ့ပွားမှုကို တားဆီးရန်၊ လျှော့ချနိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြဝတီ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀:၀၀)နာရီက နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြှင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

ဖာပွန်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး

ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ် ဆေးလွှမ်းခြုံမှု အားနည်းသည့်‌ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ဖာပွန်မြို့နယ် ကမမောင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

လိပ်သိုမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြော

ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုအမွေကို ထိန်းသိမ်းတတ်စေရန်နှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်အတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ဇန်နဝါရီ (၂၇)ရက် နံနက် ၉ နာရီက ပြုလုပ်သည်။

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)မောင်မယ်သစ်လွင်ကြိုဆို

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)၏ ၂၀၂၆ ပညာသင်နှစ် ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းကို တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်