ကော့ကရိတ်မြို့၌ မီးခိုးမြူငွေ့ဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ကော့ကရိတ် ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌  မီးခိုးမြူငွေ့ဖြစ်ပွားမှုထိန်းချုပ်နိုင်ရေးနှင့် လျှော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၊ သရဖီခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကော့ကရိတ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်က Hotspots လျှော့ချနိုင်ရန် စုပေါင်းဆောင်ရွက်ပေးစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ မြို့နယ်စိုက်ပျိုးရေး မန်နေဂျာဦးဇော်မျိုးလှိုင်က လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အကြောင်းအရာများ၊ ခရိုင်မြေသုံးချရေး တာဝန်ခံ ဒေါ်နန်းသီတာအေးက စိုက်ပျိုးရေးနှင့်မီးခိုးမြူငွေ့တားဆီးရေး အကြောင်းအရာများ၊ မြို့နယ်သစ်တောဦးစီးဌာနက တောမီးအန္တရာယ်ကာကွယ်ရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေး အကြောင်းအရာတို့ကို အသိပညာပေးဟောပြောခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်‌ဝေပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)