လိပ်သို ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် တောင်ပေါ်ငရုတ်သီးမျိုးများကို ဒေသခံတောင်သူများက တစ်နိုင်တစ်ပိုင်သော်လည်းကောင်း စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြသည်။
အဆိုပါ တောင်ပေါ်ကုလားအော် ငရုတ်သီးများကို ဒေသခံများက မိမိတို့၏ တောင်ယာခင်းများတွင် အများဆုံးစိုက်ပျိုးထားကြပြီး ဆွတ်ခူးအခြောက်လှန်းကာ စနစ်တကျ ထုပ်ပိုးသိုလှောင်ပြီး ရောင်းချလျက်ရှိရာ ယခင်လက ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် ၅၀၀၀၀ မှ ၆၀၀၀၀အထိ စျေးရရှိခဲ့ပြီး ယခုလတွင် ကျပ် ၄၅၀၀၀ သာ စျေးရရှိနေကြောင်း ငရုတ်စိုက်ပျိုးရောင်းချသူ တောင်သူတစ်ဉီးထံမှ သိရသည်။
နော်ဖလောရင်း