လိပ်သိုဒေသထွက် မျှစ်ချဉ်များဈေးကောင်းရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဝါးအမျိုးမျိုးမှရရှိသော မျှစ်များကို ကုန်ကြမ်းအဖြစ် ရောင်းချကြသည့်အပြင် တာရှည် အထားခံအောင် ထုတ်လုပ်ထားသော မျှစ်ချဉ်များသည် ယခုဆောင်းရာသီ ကာလရောက်ရှိချိန်တွင် ဝယ်ယူစားသုံးသူများ တိုးပွားလာလျက်ရှိနေကြောင်း သိရသည်။