ကမမောင်းမြို့ သံလွင်ဦးမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုသရုပ်ပြပွဲ ကျင်းပ

ကမမောင်း    ဇန်နဝါရီ  ၂၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဈေးသူဈေးသားများနှင့်အတူ သံလွင်ဦးမြို့မဈေး၌ ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က ဈေးသူ၊ ဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးသုံးစွဲပြီး အလျှင်အမြန် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးသုံးစွဲပုံ နည်းစနစ်များကို ရှင်းလင်းပြောကြားပေးပြီး မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအား စနစ်တကျ ကိုင်တွယ်အသုံးပြုပုံကို လက်တွေ့သရုပ်ပြ သပေးပြီး ဌာနဆိုင်ရာများ၊ ဈေးသူ/ဈေးသားများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကမမောင်း (ပြန်/ဆက်)