Skip to main content

နိုင်ငံတော်သမ္မတ မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မိန့်ခွန်းပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Queen Sirikit National Convention Center Plenary Hall တွင် ကျင်းပသည့် မြန်မာ–ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းသည် ဒေသတွင်းချိတ်ဆက်မှုကို ပိုမိုအားကောင်းစေပြီး အာဆီယံနှင့်တောင်အာရှဒေသတို့အကြား ကုန်သွယ်ရေးနှင့်ကုန်စည်ပို့ဆောင်ရေးတို့ကို ချိတ်ဆက်ပေးမည့်အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ယင်းစီမံကိန်းကြောင့် မြန်မာနိုင်ငံသည်ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးချိတ်ဆက်မှု၌ အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် ဖိုရမ်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

Source : Head of State