လူမဆန်စွာ ရက်စက်အကြမ်းဖက်မှုများ ပြည်သူလူထုအားဖြင့် ဝိုင်းဝန်းတိုက်ဖျက်

 

မြင်းခြံမြို့နယ် ဆုံရွာကျေးရွာတွင် PDF အမည်ခံအကြမ်းဖက် သမားများ လူမဆန်စွာကျူးလွန်ခဲ့ကြသည့် ရက်စက်ကြမ်းကြုတ် မှုများအပေါ် မြန်မာနိုင်ငံရှိ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများ က ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိသည်။ အဆိုပါကျေးရွာတွင်   အကြမ်းဖက်သမားတို့    လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူ များ သေဆုံးဒဏ်ရာရခဲ့ကြပြီး ကျေးရွာအတွင်းရှိ နေအိမ် ၅၀  ခန့်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် ဆုံရွာကျေးရွာ နေ အပြစ်မဲ့ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ ဦး ဒဏ်ရာများ ရရှိခဲ့သည်။ ပြည်တွင်းရှိ တရားဝင်မီဒီယာများ ၏ ဖော်ပြချက်များအရ အကြမ်းဖက်သမားများကြောင့် သေဆုံး ခဲ့သူများတွင် ကလေးငယ်အချို့ ပါဝင်နေသည်ကို တွေ့ရသည်။ အွန်လိုင်းတွင်တွေ့ရသည့် သတင်းအချက်အလက်များ၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များအရ ဆုံရွာကျေးရွာတွင်   အကြမ်းဖက်သမားတို့ ကျူးလွန်ခဲ့သမျှမှာ   စစ်ပွဲအတွင်း   လူများကို  ဆန္ဒအလျောက် သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊   စစ်ရေးအရ  လိုအပ်ခြင်း မရှိဘဲ ပိုင်ဆိုင်မှုပစ္စည်းများကို ဖျက်ဆီးခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ အကာအကွယ်မရှိသော၊ စစ်ရေးစစ်ရာအနေနှင့် တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်မထားသော မြို့များ၊ ရွာများ၊ နေအိမ်များကို မည်သည့်နည်းနဲ့မဆို တိုက်ခိုက်ခြင်းစသည့် နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုမြောက်သည့် ပြစ်မှုများပင် ဖြစ်သည်။ 
၂၀၂၁   ခုနှစ်   နိုင်ငံရေးအပြောင်းအလဲ   ဖြစ်စဉ်များတွင် ဆန္ဒပြမှု၊ ဆူပူမှုအဆင့်ဆင့်မှ ပေါ်ထွက်လာသည့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များတွင် ဒေသအလိုက် နာမည်မျိုးစုံနှင့် အုပ်စု ကွဲများစွာရှိနေရာ ဆုံရွာကျေးရွာဖြစ်စဉ်တွင် အကြမ်းဖက်အုပ်စု ၁၄   စုခန့်   ပါဝင်ခဲ့ကြသည်ဟု  သတင်းအချို့က  ဆိုသည်။ ပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားရာဒေသများတွင် ၎င်းတို့၏ လက်နက်ကိုင်ဗိုလ်ကျမှု၊ အနိုင်ကျင့်မှု အမျိုးမျိုးတို့ကို လက်မခံသည့်  ကျေးရွာများက ပြည်သူ့စစ်အဖွဲ့များ  ဖွဲ့စည်း၍  ကျေးရွာကာကွယ်ရေး    ဆောင်ရွက်နေကြခြင်းဖြစ်ရာ    အဓိက အားဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ရေးဖြစ်ပြီး အကြမ်းဖက်မှုများ ရှိနေခြင်းကြောင့် ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်သည်။ 
PDF အမည်ခံအကြမ်းဖက်သမားများ၏ ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာကာလ အတွင်း နိုင်ငံတစ်ဝန်းအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/ သံဃာပျံလွန် ၃ ပါး၊ အပြစ်မဲ့ပြည်သူ သေဆုံး ၄၃၈ ဦး၊ နိုင်ငံ့ ဝန်ထမ်း သေဆုံး ၇၉ ဦး စုစုပေါင်း  သေဆုံး   ၅၂၀  ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနစ် ဇန်နဝါရီ ၂၉ ရက် အထိ  ဆိုပါက    နိုင်ငံတစ်ဝန်း    အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ရဟန်း/ သံဃာပျံလွန်  ၇၇ ပါး၊ သီလရှင် ၂ ပါး ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ သေဆုံး ၅၆၇၇ ဦး၊ နိုင်ငံ့ဝန်ထမ်း သေဆုံး ၁၁၂၄ ဦး  စုစုပေါင်းသေဆုံး  ၆၈၈၀  အထိ  ရှိခဲ့ရာ  ယနေ့ထိဆိုပါက သေဆုံး၊ ဒဏ်ရာရအရေအတွက် များစွာတိုးလာခဲ့ပြီဖြစ်သည်။
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းမှုကင်းမဲ့စေရေး၊     နယ်မြေစိုးမိုးနိုင်ရေးတို့အတွက် ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိရာတွင် အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၊ ၎င်းတို့၏ အနိုင်ကျင့်ဗိုလ်ကျမှုကို မခံလိုသည့်     ပြည်သူများကိုပါ   ဦးတည်တိုက်ခိုက်နေကြခြင်း  ဖြစ်သည်။   နိုင်ငံအတွင်း      တည်ငြိမ်အေးချမ်းမှု     ရရှိမှသာ ဒီမိုကရေစီစနစ်ကို   ခိုင်မာစွာ   လျှောက်လှမ်းနိုင်မည်ဖြစ်သည့် အလျောက် နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် ရည်မှန်းချက် များ၊  ဦးတည်ချက်များနှင့်အညီ  ဆောင်ရွက်ချက်များတွင်   နိုင်ငံ ချစ်စိတ်၊   မျိုးချစ်စိတ်နှင့်    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လိုစိတ်ရှိသူ   တိုင်းရင်းသားပြည်သူအားလုံး  ဝိုင်းဝန်းပူးပေါင်း  ပါဝင် ကြရပါမည့် အကြောင်း။       ။