သတိကြီးစွာထားကြရမည့် တိုင်းဖျက်ပြည်ဖျက်လုပ်ရပ်များ
ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ နိုင်ငံအတွင်း နောက်ထပ်မတည်ငြိမ်မှုများ ဖြစ်ပေါ်လာရန်၊ ဆူပူလှုပ်ရှားမှုများ ဖြစ်လာစေရန်ဟူသော အကြံဆိုးဖြင့် သွေးထိုးလှုံ့ဆော်မှုများကို အကြမ်းဖက်အဖွဲ့များနှင့် ပြည်ပလက်ဝေခံ ပြည်ဖျက်မီဒီယာများက အဆက်မပြတ်ပြုလုပ် နေကြသည်။ ပရိယတ္တိသာသနာတွင် တန်ဖိုးကြီးမားပြီး ထင်ရှား ကျော်ကြားသည့် ဆရာတော်ကြီးတစ်ပါး မမျှော်လင့်ဘဲ ဆုံးရှုံး သွားရခြင်းအတွက် နိုင်ငံတော်တွင် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ခဲ့ ရပြီဖြစ်ရာ ယင်းဖြစ်စဉ်ကိုအကြောင်းပြု၍ မသမာသူတို့က ဖန်တီးနေသည့် နိုင်ငံနှင့်ပြည်သူတို့ ပျက်စီးရာပျက်စီးကြောင်း ဖြစ်ရပ်များဆီသို့ လိုက်