သဘာဝဘေးလျော့ပါးရေး အလေးထား ကြိုတင်ပြင်ဆင်ကာကွယ်
မော်ကျွန်းမြင့်အောင်
မြန်မာနိုင်ငံ၌ ဝဿန်ကာလ မိုးရာသီသို့ ရောက်လာပြီဆိုလျှင် သဘာဝဘေးအန္တရာယ်များကား တစ်ခုမဟုတ်တစ်ခု ရောက်လာတတ်ပေသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝဘေးအန္တရာယ်များကျရောက်သည့် နိုင်ငံများစာရင်းတွင် အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီ ကာလတွင် မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းဟူ၍ ရှိပါသည်။ မိုးဦးနှင့် မိုးနှောင်းကာလတို့သည်ကား သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်တတ်သော ကာလများ ဖြစ်သည်။
သဘာဝဘေးဆိုသည်မှာ