သာသနာတော်ကြီးကို ချီးမြှောက်ပါ

Type

 

ဘကြီးကောင်း

 

 “မောင်မြင့်အေးပါလား၊ မတွေ့တာတောင် ကြာပြီ နော်”
“ဟုတ်ကဲ့    ဘကြီးကောင်း၊   ဝါတွင်းသုံးလမှာ သရဏဂုံနဲ့  ဂုဏ်တော်အဓိဋ္ဌာန်  ပုတီးစိပ်ပွားများ နေလို့ပါ ခင်ဗျာ”
“သာဓုပါကွယ်၊  ဒါနဲ့ ဂုဏ်တော်တွေကို ပွားများ တဲ့အခါမှာ အနက်အဓိပ္ပာယ်ကိုလည်းသိပြီး ပွားများ ဖို့ လိုတယ်ကွယ့်။ တချို့က ရွတ်ရုံသာရွတ်ကြတာ၊ ရတနာသုံးပါးကို မိရိုးဖလာမို့ ကိုးကွယ်ရှိခိုးကြတာ။ ဂုဏ်တော်တွေရဲ့အနက်အဓိပ္ပာယ်ကို သိရှိနားလည် သဘောပေါက်ပြီး ရှိခိုးပူဇော်မှ အနှစ်သာရ ပိုရှိတာ ပေါ့ကွယ်။  အခုလက်ရှိ  တို့တစ်တွေ  ကိုးကွယ် ဆည်းကပ်နေကြတဲ့        သံဃာ့ဂုဏ်တော်ကိုးပါးကို အကျဉ်းအားဖြင့် မြန်မာလို အဓိပ္ပာယ် ဖွင့်ဆိုကြည့် ရင်   ကိလေသာငြိမ်းကြောင်း  ကောင်းစွာကျင့်ကြံ တော်မူတယ်၊  ဖြောင့်မတ်စွာ ကျင့်ကြံတော်မူတယ်၊ နိဗ္ဗာန်အကျိုး   မျှော်ကိုးရည်သန်   ကျင့်ကြံတော်မူ တယ်၊  မဂ္ဂင်ရှစ်ရပ်  အကျင့်မြတ်ကြောင့်  တုပ်ဝပ် ရိုသေလျော်ကန်အောင် ကျင့်ကြံတော်မူတယ်။

 


ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့တပည့်သားမော် အရိယာသံဃာတော်နဲ့ အရိယာနွယ်ဝင် သမ္မုတိထေရ် အရှင်သံဃာတော်မြတ်တို့ဟာ  အဝေးမှ ဆောင်ယူ ပစ္စည်းကိုလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ တယ်၊ ဧည့်သည်ဖို့ရာ ရည်ကာဆောင်ထား ပစ္စည်း များပင် စိတ်ထားဖြူစင်ပေးလှူခြင်းငှာ ထိုက်တော်မူ ပါပေတယ်၊ တမလွန်စခန်း ကောင်းဖို့မှန်းပြီး လှူဒါန်း ခြင်းငှာ   ထိုက်တော်မူပါပေတယ်၊    ရိုသေမြတ်နိုး လက်စုံမိုး၍   ရှိခိုးခြင်းငှာ  ထိုက်တော်မူပါပေတယ်၊ နတ်လူအများ ကောင်းမှုပွားဖို့ ကြဲထားပျိုးချ တုမရ တဲ့    ကောင်းလှလယ်မြေ      ယာမြေပမာလည်း ဖြစ်တော်မူပါပေတယ်လို့ ဆိုတယ်ကွယ့်။ ရှင်းရှင်း ပြောရရင်     မြတ်စွာဘုရားရှင်ရဲ့    တပည့်သား သံဃာတော်အရှင်သူမြတ်တွေဟာ  ဒီအကျင့်တွေ ကျင့်ကြံတော်မူကြတဲ့အတွက်    ဒီလိုမျိုး   လှူဒါန်း ပူဇော်ခြင်းဖြစ်တယ်လို့ ပြောရမှာပေါ့”


“ဘကြီးကောင်း  ဒီလိုရှင်းပြတော့လည်း  အမှုမဲ့ အမှတ်မဲ့နေတဲ့သူတွေ၊ မသိနားမလည်သူတွေအဖို့ အတော့်ကို အကျိုးများတာပေါ့နော်”


ကျင့်ဝတ်များ


“နေဦး၊ မပြီးသေးဘူးကွယ့်။ ရဟန်းသံဃာများနဲ့ ဒါယကာ၊   ဒါယိကာမတို့ရဲ့   ဆက်ဆံရေးဆိုလည်း နှစ်ဦးနှစ်ဝ တာဝန်ကိုယ်စီအညီအမျှ ရှိကြသေးတယ် ကွယ့်။ မြတ်စွာဘုရားရှင်က သိင်္ဂါလောဝါဒသုတ်မှာ  ရဟန်းသံဃာတော်များနဲ့  ဒါယကာ၊  ဒါယိကာမတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဒါယကာ၊ ဒါယိကာမ တို့ဘက်က လိုက်နာရမယ့် ကျင့်ဝတ်ငါးပါး၊ ရဟန်း သံဃာများဘက်က         ကျင့်ဝတ်ခြောက်ပါးကို ဟောကြားတော်မူခဲ့တယ်ကွယ့်။ 

 


ဒါယကာ၊ ဒါယိကာမများဘက်က ကျင့်ဝတ် ငါးပါးက -


၁။    မေတ္တာဖြင့်ယှဉ်သော ကာယကံဖြင့် ဆက်ဆံ ခြင်း၊
၂။    မေတ္တာဖြင့်ယှဉ်သော ဝစီကံဖြင့် ဆက်ဆံခြင်း၊
၃။    မေတ္တာဖြင့်ယှဉ်သော မနောကံဖြင့် ဆက်ဆံ ခြင်း၊
၄။    လိုအပ်သမျှ  အလှူခံကြရန် ဖိတ်ကြားထား ခြင်း၊
၅။    လိုအပ်သမျှ လှူဒါန်းခြင်း၊


ရဟန်းသံဃာများဘက်က ကျင့်ဝတ်ခြောက်ပါး ကတော့ -


၁။    မကောင်းမှုကိုတားမြစ်ခြင်း၊
၂။    ကောင်းမှုပြုရန် တိုက်တွန်းခြင်း၊
၃။    သနားကြင်နာစိတ်စေတနာထားခြင်း၊
၄။    မကြားဖူးသော တရားထူးများဟောခြင်း၊
၅။    ကြားဖူးသောတရားကို  အနက်အဓိပ္ပာယ် ကျေညက်အောင် ဟောကြားခြင်း၊
၆။    နတ်ပြည်ရောက်ကြောင်း နည်းလမ်းကောင်း များ ဟောကြားခြင်းတို့ပဲ ဖြစ်တယ်ကွယ့်။


အတိုချုံးပြောရရင်တော့ ဒါယကာ၊ ဒါယိကာမ များက တတ်အားသရွေ့လှူဒါန်း ပူဇော်ကြပြီး ရဟန်း သံဃာတော်များက  တရားပြသဆုံးမကြဖို့ပါပဲ။

 


ကံပြုခြင်း


ထို့အတူပဲ ရဟန်းသံဃာများဘက်က -


၁။    ရဟန်းတို့ လာဘ်လာဘမရအောင် ကြိုးစား ခြင်း၊
၂။    ရဟန်းတို့အား အကျိုးမဲ့ဖြစ်ရန် ကြိုးစားခြင်း၊
၃။    ရဟန်းတို့ နေစရာမရှိအောင် ကြိုးစားခြင်း၊
၄။    ရဟန်းတို့ကို   ဆဲရေးခြင်း၊   ကြိမ်းမောင်းခြင်း၊
၅။    ရဟန်းအချင်းချင်း   ရန်တိုက်ပေးခြင်း၊
၆။    ဘုရားရှင်ကို  ကဲ့ရဲ့ရှုတ်ချခြင်း၊
၇။    တရားကို ကဲ့ရဲ့ရှုတ်ချခြင်း၊
၈။    သံဃာကို ကဲ့ရဲ့ရှုတ်ချခြင်းဆိုတဲ့ အင်္ဂါရှစ်ပါး 


နဲ့ အကျုံးဝင်တဲ့ ဒါယကာ၊ ဒါယိကာမတွေကို ရဟန်း သံဃာက သူနဲ့ မဆက်ဆံဘဲ ဖဲကြဉ်တဲ့ သပိတ် မှောက်ကံပြုနိုင်သလို ဒါယကာ၊ ဒါယိကာမများဘက် ကလည်း    “လူတို့အား   ပစ္စည်းဥစ္စာမရခြင်းငှာ အားထုတ်ခြင်း၊ လူတို့အား  အကျိုးယုတ်စေရန်  အားထုတ်ခြင်း၊ လူတို့ကို   ဆဲရေးခြင်း   ခြိမ်းခြောက် ခြင်း၊ လူနှင့် လူချင်း ကုန်းတိုက်ပေးခြင်း၊ ဘုရားရှင် ကို  ကဲ့ရဲ့ရှုတ်ချခြင်း၊  တရားတော်ကို  ကဲ့ရဲ့ရှုတ်ချ ခြင်း၊    သံဃာကို  ကဲ့ရဲ့ရှုတ်ချခြင်း၊ အကျွမ်းတဝင်  အဆက်အဆံ  မပြုသင့်သော နေရာခြောက်မျိုးမှာ  ဝင်ထွက်ဆက်ဆံခြင်းဆိုတဲ့ အင်္ဂါရှစ်ပါးနဲ့ အကျုံးဝင် ငြိစွန်းတဲ့ ရဟန်းကို  အပ္ပသာဒပဝေဒနိယကံပြုခွင့်ရှိ တယ်ကွယ့်။

 


ဒီကံကို  ဒါယကာ၊ ဒါယိကာမများက ပြုတဲ့အခါ မှာ ရဟန်းများကဲ့သို့  ဉာတ်ကမ္မဝါစာများ ရွတ်ဖတ် ရန် မလိုဘဲ ကံပြုထိုက်တဲ့ ရဟန်းကို နေရာမှထမပေး ခြင်း၊ ရှိမခိုးဘဲ နေခြင်းဖြင့် ကံမြောက်ပြီးဖြစ်တယ်လို့ စာပေကျမ်းဂန်တွေမှာ        ဖော်ပြထားတယ်ကွယ့်။ နောက်ပြီး ရဟန်းဖြစ်စေ၊ လူဖြစ်စေ အပြစ်ကျူးလွန် သူများဘက်က   ဝန်ချတောင်းပန်မှ  ပြုခဲ့ပြီးသော ကံကို ပယ်ဖျက်နိုင်တယ်လို့လည်း ဖော်ပြထားတယ် ကွယ့်။ ပြောရရင်တော့ မြတ်ဗုဒ္ဓရဲ့ သာသနာတော်မှာ ရဟန်းသံဃာနဲ့ဒါယကာ၊ ဒါယိကာမတို့ရဲ့ ဆက်ဆံ ရေးက   တစ်လမ်းသွား၊   တစ်ဖက်သတ်စနစ်မျိုး မဟုတ်ဘဲ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဘောမျိုး ပေါ့။ အခုခေတ်လူတွေပြောပြောနေတဲ့ ဒီမိုကရေစီ ပေါ့ကွယ်။”

 


“ဒါကြောင့်မို့လည်း မြတ်ဗုဒ္ဓရဲ့သာသနာတော်နဲ့ သံဃာ့အဖွဲ့အစည်းကြီးက         နှစ်ပေါင်းထောင်ချီ တည်တံ့နေတာပေါ့နော် ဘကြီးကောင်း”


“ဒါပေါ့ကွယ်၊ မြတ်စွာဘုရားရှင်က လောကသား တို့   အကျိုးစီးပွားအတွက်     သံဃာ့အဖွဲ့အစည်းကြီး နှစ်ပေါင်းထောင်ချီ  တည်တံ့ခိုင်မြဲစေဖို့  လိုအပ်တဲ့ ဝိနည်းစည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပေးခဲ့ သလို  တို့ရဲ့  ရှေးဘိုးဘွားမိဘ ဆရာသမားများက လည်း ဆရာ၊ ဒကာ ညီညာစွာလက်တွဲပြီး သာသနာ တော်မြတ်ကြီးကို ထိန်းသိမ်းစောင့်ရှောက် ချီးမြှောက် ခဲ့တာလည်း ပါတာပေါ့ကွယ်။


သာသနာကွယ်ပရခြင်း


မြတ်စွာဘုရားရှင် ပွင့်ထွန်းရာ အိန္ဒိယပြည်မှာ သာသနာကွယ်ပရခြင်းနဲ့ ပတ်သက်ပြီး


၁။    ရဟန်းတော်များ  သီလ၊  မေတ္တာ၊  ခန္တီစတဲ့ အခြေခံ  ရဟန်းကျင့်ဝတ်များ၌    လျော့ပါး အားနည်းခြင်း၊   နောက်ဆုံး   လုံးဝသိက္ခာ မရှိခြင်း၊ 
၂။    အတ္တဝါဒသည်  ခေါင်းဆောင်အမျိုးမျိုး၊ ပုံစံ အမျိုးမျိုးတို့ဖြင့် အတွင်းလှိုက်၍ မွှေခြင်း၊
၃။    နောက်ဆုံး မိစ္ဆာရန်သူတို့ အဓမ္မအကြမ်းဖက် ၍ နှိပ်စက်သတ်ခြင်းဆိုတဲ့  အချက်သုံးချက် ကြောင့်လို့ ပညာရှင်များက လက်ခံအတည်ပြု ခဲ့ကြတယ်ကွယ့်။

 


မြန်မာနိုင်ငံမှာတော့       ခေတ်အဆက်ဆက် ရဟန်းသံဃာတော်များဘက်က ဂန္ထဓူရ၊ ဝိပဿနာဓူရ နှစ်ဖြာကို   ကျင့်ကြံကြိုးကုတ်   အားထုတ်တော်မူခဲ့ ကြသလို   ဒါယကာ၊   ဒါယိကာမများဘက်ကလည်း ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး        နေလိုလလို  ထွန်းပအောင် ဇွဲ၊  သတ္တိ၊  လုံ့လ၊  ဝီရိယ၊  အသိဉာဏ် အမြော်အမြင်တို့နဲ့ ထူထောင်ခဲ့ကြလို့ပေါ့ကွယ်။

 


လေနာထအောင်   တစာစာအံ၍   ကျက်၍ သာသနာကို     အသက်ဆက်ပေးကြတဲ့    ရှင်ငယ်၊ ရဟန်းငယ်တွေနဲ့   ‘ရိုးရာကို   အထိမခံ၊ လူဆန်၍ ခေတ်မီသည်ကို မလိုလား’ဘဲ သာသနာတော်ကြီးကို ဝိုင်းဝန်းချီးမြှောက်ခဲ့ကြတဲ့ မိဘဘိုးဘွားဆရာသမား တို့ရဲ့ ကျေးဇူးက ကြီးပါပေ့ မောင်ရေ။

 


ပရိယတ္တိအားပေးသည့် အသင်းအဖွဲ့များ


ကိုယ့်မင်းကိုယ်ချင်းဘဝကျဆုံးပြီး    ဗြိတိသျှ လက်အောက်ကျရောက်စဉ်မှာ တို့ရဲ့ ရှေးဘိုးဘွား မိဘဆရာသမားတို့ဟာ         ဘာသာ   သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် သကျသီဟ (မန္တလေး)၊ စေတိယင်္ဂဏ(ရန်ကုန်)၊ သုဝဏ္ဏဘူမိ (သထုံ)၊ သုသမာစာရ  (မော်လမြိုင်)၊ ဝိနယာဓိက (ပဲခူး)၊ သုဓမ္မာ(ညောင်တုန်း) စတဲ့ ပရိယတ္တိအားပေးတဲ့   အသင်းအဖွဲ့များ၊ မလွန်ဆန်လှူအသင်းစတဲ့ ပစ္စယာ နုဂ္ဂဟအဖွဲ့များကို တည်ထောင်ခဲ့ကြတယ်ကွယ့်”


“မလွန်ဆန်လှူအသင်းဆိုတာ   ကျွန်တော်တို့ အခုထက်တိုင်လှူဒါန်းနေတဲ့ စစ်ကိုင်းတောင်ရိုးက ရဟန်းသံဃာတော်တွေနဲ့ သီလရှင်တွေကို ဆွမ်း ဆန်တော်   ထောက်ပံ့ပေးနေတဲ့     မလွန်ဆန်လှူ အသင်းကြီးလား ဘကြီးကောင်း”


“မှန်တာပေါ့ မောင်မြင့်အေးရယ်၊ တစ်ချိန်က မင်းနေပြည်တော် မန္တလေးမှာ သီပေါမင်းကို ဗြိတိသျှ နယ်ချဲ့က   နန်းချပြီး  ဖမ်းဆီးခေါ်ဆောင်သွားတော့ မင်းပြောင်းမင်းလွဲကြီးကလည်းဖြစ်၊ သာသနာပြု မင်းများကင်းမဲ့လို့    တိုင်းပြည်ကလည်း   သူ့ကျွန် လုံးလုံးဖြစ် ကျန်ရစ်တော့ ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမစတဲ့   ပြည်သူတွေက   ပစ္စည်းလေးပါး လှူဒါန်းပါမှ  သာသနာမှာတည်နေနိုင်တဲ့ ရဟန်း သံဃာတော်များ လောကဟာ  ဒုက္ခအကြီးအကျယ် တွေ့ရတော့တာပေါ့။

 


အထူးသဖြင့်  ဆွမ်းခံစရာ  ရပ်ရွာဂေါစရဂါမ် ခက်ခဲတဲ့ စစ်ကိုင်းတောင်ရိုးက ရဟန်းသံဃာတော် တွေနဲ့ သီလရှင်တွေဟာ ပိုပြီး ဒုက္ခရောက်ကြရတာ ပေါ့။ ဒါကြောင့် သီပေါမင်း ပါတော်မူအပြီး ၁၁ နှစ် အကြာမှာ မန္တလေး မြို့မိမြို့ဖတွေက ဗုဒ္ဓသာသနာ တော်ကြီး      ဆက်လက်ရှင်သန်ပြန့်ပွားနိုင်ရေး၊ သံဃာတော်နဲ့သီလရှင်များကို  ဆွမ်းဆန်တော်များ ထောက်ပံ့နိုင်ရေးအတွက်ဆိုပြီး      မလွန်ဆန်လှူ အသင်းကြီးကို   စတင်တည်ထောင်   ဖွဲ့စည်းခဲ့ကြ တယ်။ တစ်ခါ မန္တလေးမြို့မိမြို့ဖတွေဟာ သီပေါမင်း ပါတော်မူပြီး ၁၃ နှစ်အကြာမှာ ပရိယတ္တိသာသနဟိတ အသင်းကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့ကြပြန်တယ်။

 


ဒီအသင်းကြီးတွေဟာ    တကယ့်သဒ္ဓါတရားနဲ့ တည်ထောင်ခဲ့ကြပြီး သာသနာတော်အတွက် ဖြူဖြူ စင်စင်    လုပ်ဆောင်သွားခဲ့ကြတာ   ဖြစ်လေတော့ ပျံလွန်တော်မူသွားတဲ့ မင်းကွန်းတိပိဋကဆရာတော် ကြီးက ပရိယတ္တိအသင်းက သာသနာရဲ့ဖခင်အသင်း၊ မလွန် ဆန်လှူအသင်းက သာသနာရဲ့မိခင်အသင်းလို့ သတ်မှတ်တော်မူခဲ့ပါတယ်။ ဒီအသင်းကြီး နှစ်သင်း ဟာ ကနေ့ထက်ထိ နှစ်ပေါင်း ၁၂၀ ကျော်တိုင်အောင် ရှင်သန်ကြီးထွားပြီး  သာသနာတော်ကိုအကျိုးများ အောင်  ဆက်လက်ဆောင်ရွက်နေကြဆဲမို့   အလွန် ဂုဏ်ယူစရာ ကောင်းလှတယ်ကွယ့်။

 


အခက်အခဲ အမျိုးမျိုးကြားက ရုန်းကန်


ဒါ့အပြင် ရှေးမြန်မာဘိုးဘွားများဟာ ထေရဝါဒ သာသနာ့သမိုင်းကို   ယနေ့  ဒီအခြေအနေအထိ ရောက်အောင်    အခက်အခဲ    အမျိုးမျိုးကြားက ရုန်းကန်ပြီး ဇွဲ၊ သတ္တိ၊ လုံ့လ၊  ဝီရိယ၊ အသိဉာဏ် အမြော်အမြင်တို့နဲ့ ထူထောင်ခဲ့ကြရတာကွယ့်။

 


၁။    ဘိုးတော်မင်းတရားကြီးဟာ တောစွန်အုံဖျား ပါမကျန်အောင် ပိဋက ကျမ်းစာများနဲ့အတူ ရဟန်းတော်များကို  ပြည်တွင်း  ပြည်ပသို့ သာသနာပြု စေလွှတ်၍ မဟာယာနဝါဒကို အမြစ်ပြတ် ရှင်းလင်းပေးခဲ့ခြင်း၊
၂။    မင်းတုန်းမင်းတရားကြီးဟာ တစ်ကမ္ဘာလုံး နယ်ချဲ့ဝါဒများ ကြီးစိုးလွှမ်းဖိလာသောအချိန် မှာ ပဉ္စမသင်္ဂါယနာတင်၍ ဟန့်တားခဲ့ခြင်း၊
၃။    တစ်ကမ္ဘာလုံး  ရုပ်ဝါဒကြီး   ဖိစီးလာအံ့သော အချိန်မှာ ဝန်ကြီးချုပ် ဦးနုနဲ့ မြန်မာတို့ဟာ ဆဋ္ဌသင်္ဂါယနာတင်ခဲ့ခြင်းစသဖြင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးကို  အရှည်တည်တံ့ ခိုင်ခံ့အောင် အံ့မခန်းကြိုးပမ်းခဲ့ကြတာပေါ့ ကွယ်။


ထေရဝါဒဗုဒ္ဓသာသနာတော်ရဲ့ ဂုဏ်ကျေးဇူးနဲ့ တန်ဖိုးကို နားလည်ကြလို့လည်း  အခုလက်ရှိမြန်မာ နိုင်ငံမှာကျင်းပနေကြတဲ့ ဘာသာရေးအခမ်းအနား တွေမှာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး ဆုတောင်းကြတာပဲကွယ့်။ ရှေးဘိုးဘွား မိဘဆရာ သမားတို့ရဲ့ တာဝန်ကတော့ ကျေပွန်ပါပြီ၊ မောင်တို့ မျိုးဆက်တွေရဲ့တာဝန်ပဲ ကျန်တော့တယ်”


“ဪ၊ ဒါကြောင့်မို့လည်း မြတ်ဗုဒ္ဓရဲ့ သာသနာ တော်နဲ့ သံဃာ့အဖွဲ့အစည်းကြီးဟာ ယခုထက်တိုင် နှစ်ပေါင်းထောင်ချီ     တည်တံ့နေနိုင်တာပေါ့နော်၊ ဘကြီးကောင်း အခုလို  ဟောပြောရှင်းပြပေးတော့ လည်း ကျွန်တော်တို့အဖို့  အတော်ကျေးဇူးများတာ ပေါ့ဗျာ”


“မောင်မြင့်အေးတို့လို      လူငယ်တွေ    အခုလို နားထောင်ဖော်ရတာကိုပဲ          ဘကြီးကောင်းက ကျေနပ်လှပါပြီ။” 

 

ကျမ်းကိုး။          ဓမ္မာစရိယ ဦးဌေးလှိုင်၏ “မြန်မာ နိုင်ငံ   ပဋိပတ္တိသာသနာဝင်      ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူးများ”၊
        ဝဏ္ဏသီရိ၏   “ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း”   (ပထမတွဲ)