နိုင်ငံ့ဝင်ငွေတိုးတက်ရေး ထောက်ပံ့ပေးလျက်ရှိသည့် တိုင်းပဲခူး၏ ငါးမွေးမြူရေးလုပ်ငန်းများ
မြတ်သူ
အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် အာဟာရဖူလုံရေးဆိုင်ရာကဏ္ဍနှစ်ခုအတွက် ငါးမွေးမြူရေးလုပ်ငန်းများမှ တိုးတက်ထုတ်လုပ်ထောက်ပံ့နိုင်ရန် လိုအပ် လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတွင်း ငါးစားသုံးမှုသည် အသားစားသုံးမှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော် ရှိနေသည့်အတွက် ဖြစ်သည်။