ငြိမ်းချမ်းရေးတံခါး ဆက်ပြီးဖွင့်ထားဆဲပါ

Type
4

 

မိုးမြင့်

မြန်မာနိုင်ငံတစ်နံတစ်လျား ပြည်သူအားလုံး တိုင်းရင်းသားအားလုံးက စစ်မှန်သော ငြိမ်းချမ်းရေးအရသာကို တောင့်တဆဲ၊ ငတ်မွတ်ဆဲဖြစ်သည်။ ယခုအချိန်တွင်  အလိုချင်ဆုံးကား တည်ငြိမ်အေးချမ်းမှု၊ အဖြစ်ချင်ဆုံးကား တည်ငြိမ်သောလူမှုစီးပွားဘဝ။ ပညာသင်ချင်ကြသည်၊ အေးချမ်းစွာ နေထိုင်စီးပွားရှာလိုကြသည်သာ ဖြစ်သည်။ သို့သော် နိုင်ငံ၏လက်နက်ကိုင်ပြဿနာကား မပြီးသေး။   နိုင်ငံရေးအရ သဘောထားများ ကွဲနေဆဲ၊ တိုင်းရင်းသားအရေး မတူသောအမြင်များ ရှိနေဆဲ၊ ဘာသာရေးအရ ကွဲပြားမှုအချို့ ရှိဆဲဖြစ်သည်။ ဤသည်ပင် ယနေ့လက်နက်ကိုင်ပဋိပက္ခများ၏ အကြောင်းရင်းခံအဖြစ် မှတ်ယူကြဆဲဖြစ်သည်။


အမှန်တကယ်သတ္တိရှိ၍ 
ငြိမ်းချမ်းရေးကို အမှန်လိုလားလျှင်


ခေတ်အဆက်ဆက် နိုင်ငံရေးအယူ ဝါဒအမျိုးမျိုးကွဲခဲ့ကြ၍   ၁၉၈၈   ခုနှစ် နောက်ပိုင်းမှစပြီး  နိုင်ငံရေးဖြေလျှော့မှု များပေးခဲ့သည်။ တစ်ပါတီစနစ်မှ ပါတီစုံ၊ ဆိုရှယ်လစ်စနစ်မှ ဒီမိုကရေစီစနစ်သို့ တပ်မတော်ခင်းပေးသည့်လမ်းအတိုင်း လျှောက်ခဲ့ကြသည်          မဟုတ်ပါလား၊၊ တိုင်းရင်းသားအရေး  ကွဲလွဲမှုများမှာမူ နယ်ချဲ့တို့ထားခဲ့သည့် ဆိုးမွေတစ်ခုဖြစ်၍ ဤကွဲပြားမှုကိုလည်း   လုံးဝလျစ်လျူရှု ထားခြင်းမရှိပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်        တိုင်းဒေသကြီး၊  ပြည်နယ်အလိုက် ဥပဒေပြုရေး၊  အုပ်ချုပ် ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များ တတ်နိုင် သမျှ    ပိုင်းခြားခွဲခြားသတ်မှတ်ထားပြီး ဖြစ်သည်။           ဘာသာရေးအရလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခိုင်အမာ ပြဋ္ဌာန်းပြီးဖြစ်သည်။            ဤအချိန်မှာ   ယင်းကဲ့သို့အချက်များကို အကြောင်းပြု၍  သဘောကွဲလွဲမှုများ    ထပ်ကာထပ်ကာ ရမယ်ရှာ၍ ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့လေး တစ်ခုအတွက် အမြတ်ထုတ်မှုများ   မရှိ သင့်တော့၊  ရပ်သင့်ပြီဟု  ယူဆပါသည်။


အချို့သော  လက်နက်ကိုင်အဖွဲ့များ အနေဖြင့်    မိမိတို့ကိုယ်စားပြုသည် ဆိုသော တိုင်းရင်းသားများ၏ မျက်နှာ နှင့် ပြည်သူများ၏ဘဝ၊ နိုင်ငံတော်နှင့် ပြည်ထောင်စုကြီး၏အကျိုးကို ပြန်ကြည့် ချိန်တန်ပြီ၊       ငဲ့ကွက်သင့်ပြီဟူ၍သာ တိုင်းရင်းသားပြည်သူအားလုံးကိုယ်စား တောင်းဆိုချင်ပါသည်။ စစ်ကိုခေါ်၍ စစ် ၏ အနိဋ္ဌာရုံများနှင့် ပြည်သူကို ချောက်ထဲ တွန်းပို့၊    နိုင်ငံကို    တစ်စစီဖြစ်အောင် လုပ်နေသည့်    တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်များ    ရှိနေသေးသရွေ့ ဤနိုင်ငံကြီး ငြိမ်းချမ်းဖို့မမြင်‌သေးပါ။ 


သဘောထားကွဲမှုများ၊ အမြင်မတူမှု များကို တူအောင်၊ နီးစပ်အောင် ကြိုးစား ရမည့်အစား  တပ်မတော်နှင့်   ပြည်သူကို လက်နက်အားကိုးဖြင့် ကန့်လန့်တိုက်နေ ခြင်းမှာ     ပညာဉာဏ်နည်းရာရောက် ပါသည်။   မိမိဒေသအကျိုး၊   မိမိတို့လူမျိုး အကျိုး    အမှန်တကယ်လိုလားသည် ဆိုလျှင် လူသတ်လက်နက်ကိုင်ရန်မလိုပါ၊ လက်နက်ကိုင်တာချင်း   တူသည်ဆို၍ တပ်မတော်နှင့်     နှိုင်းယှဉ်ရန်လည်း အကြောင်းမရှိပါ။ ယနေ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော်၊        စစ်ရေး တာဝန်အပြင်  အမျိုးသားနိုင်ငံရေးတာဝန် များကိုပါ ထမ်းရွက်နေရသောတပ်မတော် ဖြစ်သည်၊၊ 


နိုင်ငံတော်ကို        ဖျက်ဆီးသူနှင့် နိုင်ငံတော်ကို ကာကွယ်သူ ကွာခြားလွန်း ပါသည်။          တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်   ခေါင်းဆောင်များအနေ ဖြင့် အမှန်တကယ်သတ္တိရှိလျှင် ဒေသခံ တို့၏ မဲဆန္ဒလက်နက်ကိုကိုင်၍   မိမိတို့ ဒေသ ဖွံ့ဖြိုးမှုရလဒ်ကောင်းများ     ရရှိ အောင်နှင့်  ပြည်ထောင်စုကြီးအကျိုးကို များစွာဖော်ဆောင်ပေး၍    ရပါသည်။   ငြိမ်းချမ်းရေးကို    အမှန်လိုလားလျှင်၊  ဒီမိုကရေစီကို နှစ်သက်လျှင် ရွေးကောက် ပွဲလမ်းကြောင်းမှလွဲ၍      အခြားမရှိပါ။    နောင်လာမည့် လွှတ်တော်များမှတစ်ဆင့်      မိမိတို့၏လိုလားချက်များ      မိမိတို့ တိုင်းရင်းသားများ၏ လိုလားချက်များကို တရားဥပဒေနှင့်အညီ    တောင်းယူ၍ရပါ သည်။


နိုင်ငံကို ဖျက်သူနှင့် ကယ်သူ သဘောပေါက်ကြရန်သာ


ယခုမူ        တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်အချို့သည်     လူသတ် လက်နက်များကိုင်စွဲ၍  ဒေသဖွံ့ဖြိုးရေး အတွက် နိုင်ငံတော်ကလုပ်ပေးထားသော အများပြည်သူသုံး  ရထားလမ်း၊    ကား လမ်း၊    တံတားများ၊     ကျောင်းများ၊  လျှပ်စစ်တာဝါတိုင်များ၊   ဆက်သွယ်ရေး တာဝါတိုင်များ စသည့် အခြေခံအဆောက် အအုံများကို မိုင်းခွဲ၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီး ပစ်ကြသည်။ ဘုန်းကြီးကျောင်းများနှင့် စေတီပုထိုး၊ ယဉ်ကျေးမှုနယ်မြေများတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည်။ ဒေသခံ တိုင်းရင်းသားများ၏လူ့စွမ်းအား၊  လူမှု စီးပွားဘဝနှင့် ဘာသာရေးအရင်းအမြစ် များ  ခန်းခြောက်အောင် ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ 


ထို့အတွက်      ဒေသခံတိုင်းရင်းသား များ အလွန်နစ်နာကြရသည်။ ဖွံ့ဖြိုးမှု များ နောက်ကျကုန်သည်။    ကျောင်းသား အရွယ် ကလေးသူငယ် လူမမည်များစွာ စစ်ပြေးဘဝရောက်ကြရသည်။  အရွယ် မတိုင်မီ ရောဂါဘယထူပြောပြီး မသေသင့် ဘဲ အသက်ဆုံးရှုံး ကြရသူများရှိလာသည်။           ဘယ်ပြည်သူစစ်စစ်၊  ဘယ်တိုင်းရင်းသား စစ်စစ်မှ     ကိုယ့်ဒေသ၊   ကိုယ့်ပြည်နယ် အတွင်း၌          တိုက်ပွဲများဖြစ်မည်ကို မလိုလားပါ။       အေးအေးချမ်းချမ်း   သာသာယာယာသာ      နေလိုကြသည်။ ကလေးများ၊  လူငယ်များကပညာသင်ချင် သည်။      မိဘများ၊     လူကြီး‌များက ကောင်းကောင်းမွန်မွန် စီးပွားရှာနေထိုင် လုပ်ကိုင်လိုကြသည်။ နိုင်ငံတော်အစိုးရ နှင့်    တပ်မတော်ကလည်း    လမ်းခင်း၊  တံတားဆောက်၊     ကျောင်းဆောက်၊ ဒေသဖွံ့ဖြိုးရေးကို အားကြိုးမာန်တက်လုပ်ပေးချင်ကြသည်။ ‌


တည်ငြိမ်မှုအပေါ်            မူတည်၍ တတ်နိုင်သမျှ ဒေသဖွံ့ဖြိုးရေးကိုလုပ်ပေး သည်။ တန်းတူညီမျှဖြစ်အောင်၊  စည်းလုံး ညီညွတ်မှုရှိအောင်၊   အတူတကွတိုးတက် အောင်  ရှိသမျှအင်အားဖြင့် ညှိပေးသည်။ သို့သော် တည်ငြိမ်မှု၊  မတည်ငြိမ်မှုအပေါ် မူတည်၍    ဖွံ့ဖြိုးတိုးတက်မှုများ   သိသိ သာသာ     ကွာသွားမည်သာဖြစ်သည်။ ဤကွာခြားချက်ကို မသိနားမလည်သေး သည့်  အချို့လက်နက်ကိုင်များ  ရှိသေး သလို အချို့လက်နက်ကိုင်များအနေဖြင့် လည်း    မသိ၍မဟုတ်၊    သိသိကြီးနှင့် ကိုယ့်ဒေသကိုယ်     မပျက်ပျက်အောင် ပြန်ဖျက်နေကြခြင်းမှာ        အံ့ဩစရာ ကောင်းလှသည်။    ထို့ကြောင့်လည်း ပညာဉာဏ်နည်းသူများဟု ထောက်ပြခဲ့ ခြင်းဖြစ်သည်။ 


အဓိကအချက်က    မိမိတစ်ကိုယ် ကောင်းအတ္တဖြင့်         ကိုယ့်လူမျိုး၊  ကိုယ့်ဒေသခံ၊ ကိုယ့်ပြည်နယ်ကို ချနင်း နေကြခြင်းပင်ဖြစ်သည်။      နိုင်ငံရေး၊ တိုင်းရင်းသားအရေး      ကြားကောင်း အောင်အော်၍ မျောက်ပြဆန်တောင်း ပြနေခြင်းလည်းဖြစ်သည်။ NCA   စာချုပ် အရ    တပ်မတော်က    ခွဲပေးထား၍ ရပ်တည်နေရသည့်       နယ်မြေများရှိ တိုင်းရင်းသား  လက်နက်ကိုင်များကား သူတို့အချင်းချင်း    လောဘဇောတိုက်၊  သွေးခွဲ၊ နယ်လု၊ စားကျက်လုကြခြင်းဖြင့် သာ အချိန်ကုန်နေသည်ကို တွေ့ရသည်။


တပ်မတော်ကမူ     တိုင်းရင်းသား လက်နက်ကိုင်များ၏       ကြိုးအရှုပ်ကို ဖြေနေရပြီး သူတို့ကမူ ပြည်ပဩဇာခံယူ ၍          ငွေယူ၊      လက်နက်ဝယ်သည်၊ ထိုလက်နက်များဖြင့်     ရသမျှ    အကုန် ဖျက်ဆီးသည်၊ အနိုင်ကျင့်သည်၊ လူသတ် ဆက်ကြေးကောက်သည်။    ကြာသော် လက်နက်၏အရသာကို ကောင်းကောင်း သိထားပြီးဖြစ်၍  လက်နက်ကို    မစွန့် လွှတ်ချင်တော့။ ထို့ကြောင့် တိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း ဘယ်သူက တိုင်းပြည်ကို   ချနင်းသူလဲ၊   ဘယ်သူက တိုင်းပြည်ကို          ကယ်တင်နေသူလဲ သဘောပေါက်ကြရန်သာ   ဖြစ်ပါတော့ သည်။


  တစ်ချိန်လုံး လက်နက်ကိုင်ခဲ့သော တိုင်းရင်းသား  ခေါင်းဆောင်များအနေ ဖြင့် အခြေအနေအရပ်ရပ်ကို သိချိန်တန် ပြီဖြစ်၍   နိုင်ငံပျက်စီးရေးလမ်းစဉ်ကို စွန့်လွှတ်ရန် အချိန်တန်ပြီဟုသာ ဆိုချင် သည်။    


လူ့သက်တမ်းတိုတိုသည်          မိမိ တစ်ဦးတည်းအတွက်      စဉ်းစားရမည့် အချိန်မဟုတ်မူ၍ အများအတွက်၊ မိမိ သားသမီးမြေးမြစ်များအတွက် တွေးခေါ် ရမည့်အရွယ်            ရောက်နေပါပြီ။ ကိုယ်တိုင်လည်း နိုင်ငံခြားသားခံယူ၊  မိမိ သားသမီးများကိုလည်း လက်နက်မကိုင် ခိုင်း၊ နိုင်ငံခြားကျောင်းများသို့ပို့ စာသင် ခိုင်းထားသည့်အခြေအနေနှင့်    အလွန် ကွဲပြားခြားနားသော    မိမိတို့တိုင်းရင်း သား လူမမည်ကလေးသူငယ်၊ လူငယ် လူရွယ်များအတွက်    ဘာများစဉ်းစား ထားကြပါသလဲ၊ ဆင်းဆင်းရဲရဲဖြစ်နေရ ရှာသည့်    မိမိတို့ဒေသခံကလေးများ အတွက် နိုင်ငံတော်က ဖွင့်ပေးထားသည့် ကျောင်းများကိုမူ   မဖွင့်ခိုင်း၊   ကျောင်း များကိုပိတ်ရန်၊   စာမသင်ရန်   ဆရာ ဆရာမများကို     ခြိမ်းခြောက်၊      နိုင်ငံ့ ဝန်ထမ်းများကို   တာဝန်မှ     စွန့်ခွာရန် ခြိမ်းခြောက်အကျပ်ကိုင်နေသည့်   အချို့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့များ ကို ၎င်းတို့၏ လက်နက်ကိုင်လမ်းစဉ်နှင့် ရည်မှန်းချက်များကဘာလဲ၊      မေးခွန်း ထုတ်လိုသူများ ရှိနေကြပါသည်။


NCA အပေါ် အဘယ်ကြောင့် အခိုင်အမာရပ်တည်နေရသလဲ


လက်ရှိ သက်တမ်း (၈)နှစ်ပြည့်တော့ မည်ဖြစ်သည့်    NCA   (Nationwide Ceasefire       Agreement)      သည် တစ်နိုင်ငံလုံး    အပစ်အခတ်ရပ်စဲရေး  သဘောတူစာချုပ်တစ်ခုဖြစ်ပြီး ငြိမ်းချမ်း ရေးမုခ်ဦးအဝင် တံခါးဝတစ်ခုလည်း ဖြစ် သည်ဟု  တင်စားရပါမည်။ ငြိမ်းချမ်းရေး ရောင်ခြည်ပွင့်ထွန်းလာမည့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် အာမခံချက်တစ်ခု အဖြစ် သတ်မှတ်ထားပြီးဖြစ်သောကြောင့် တပ်မတော်က  ၎င်း   NCA   အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နေခြင်းဖြစ်သည်။
နိုင်ငံရေးထွက်ပေါက်        တစ်ခု၊ ငြိမ်းချမ်းရေးလမ်းစ     တစ်စအဖြစ် လက်တွေ့ကျပြီး အဓိပ္ပာယ်ပြည့်ဝသော စာချုပ်တစ်ခုဖြစ်၍ တပ်မတော်ဘက်က ဤမျှ အလေးအနက်ထားနေခြင်းလည်း ဖြစ်သည်။ NCA  ကို အယူအဆမူဝါဒအရ ရော လက်တွေ့အရပါ နိုင်ငံတော်ဘက် က အလေးအနက်တန်ဖိုးထားပါသည်။ တိုင်းရင်းသားများ တောင်းဆိုနေသော ဖက်ဒရယ်နှင့် ဒီမိုကရေစီအတွက်ရော တန်းတူညီမျှ အယူအဆရေးရာအတွက် ပါ NCA လောက်  စိတ်ချရသည့် အနေ အထားတွင်မရှိ၊ ငြိမ်းချမ်းရေးဆိုသည့် အရိပ်အယောင်လေးအတွက် NCA ကို အခြေခံသဘောတရား        တစ်ခုအဖြစ် တစ်သမတ်တည်း         လက်ကိုင်ထား ပါသည်။ သို့သော် NCA ကို ဖျက်ချင်သူက ဖျက်နေသည်။  ဖျက်ရန်ကြံနေသူရှိသလို  မပျက် အောင်      ကာကွယ်နေသူများလည်း ရှိသည်၊၊ NCA ကို မပျက်စီးစေချင်သည့် ငြိမ်းချမ်းရေးကို  အမှန်တကယ်လိုလား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များလည်းရှိကြပါသည်။ 


မပျက်စေချင်သူတို့ကား     မိမိတို့ ဒေသတွင် စစ်ပွဲများဖြစ်လာမည်ကို မလို လား၊   NCA   ကြောင့်သာ   စည်းလွတ် ဝါးလွတ်တိုက်ပွဲများ မဖြစ်ခြင်းဖြစ်သည် ကို       သဘောပေါက်သူများဖြစ်သည်၊၊   အပစ် အခတ်နှင့်       ပဋိပက္ခများနေရာတွင် ဆွေးနွေးပွဲစားပွဲဝိုင်းဖြင့်        အစားထိုး ခင်းကျင်းလိုသူများလည်း    ဖြစ်သည်။ NCA ကြောင့် တည်ငြိမ်နေသည်များ၊NCA  ကို   ဂရုမစိုက်၍   ထိခိုက်သေကျေနေရ သည့်အဖြစ်များကို     သူတို့သိပါသည်။ တပ်မတော်နှင့်          တိုင်းရင်းသား ခေါင်းဆောင်အချို့က NCA  ကို  တန်ဖိုး ထား ဖက်တွယ်ထား၍သာ ကိုယ့်မြန်မာ နိုင်ငံသား၊      တိုင်းရင်းသားအသက်များ ယခုထက်ပို၍ မဆုံးရှုံးရခြင်းဖြစ်သည် ကို နားလည်ထားသင့်ပါသည်၊၊ 


တိုင်းရင်းသား      အချင်းချင်းကြား အမုန်းစိတ်များ ပိုနက်ရှိုင်းမသွားအောင် NCA ကြီးကို ယခုကဲ့သို့ အလေးထားနေ ခြင်းလည်းဖြစ်သည်၊၊ အဓိကအချက်က အလုံးစုံသော    ငြိမ်းချမ်းရေးရရှိရန် အတွက်   NCA   သည်    ငြိမ်းချမ်းရေး လမ်းကြောင်းအဝင်ဝ တံခါးပေါက်လေး တစ်ခုသာဖြစ်သည်ကို အားလုံးက သိရှိ သဘောပေါက်ထားရန်ပင်      ဖြစ်သည်။ သဘောထား မတိုက်ဆိုင်မှုများ၊ မတူညီ နိုင်သော   အကျိုးစီးပွားများအတွက် လည်း  အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး   စားပွဲဝိုင်းတွင်  ဆက်လက် အဖြေရှာ၍ ရပါသည်။ နိုင်ငံရေးပြဿနာ ကို    နိုင်ငံရေးနည်းဖြင့်    အဖြေရှာ၍   လက်နက်မကိုင်ဘဲ ရလာသည့် ငြိမ်းချမ်း ရေးကသာ   အမှန်ကန်ဆုံးနှင့်ထာဝရ ဖြစ်ပါသည်။    အစဉ်မပြတ်    တွေ့ဆုံ ဆွေးနွေးအဖြေရှာခြင်းကသာ   အသင့် တော်ဆုံးနှင့်  လက်တွေ့အကျဆုံးဖြစ် ပါသည်။    နောက်ဆုံးတွင်   ရလာသည့်     သဘောတူညီချက်များ၊   ထွက်လာသည့် ရလဒ်များဖြင့် ငြိမ်းချမ်းရေးအဖြေတစ်ခုခု ကို ရကိုရရမည်ဟု ယုံကြည်ပါသည်။


မည်သို့ပင်ဖြစ်စေ      တပ်မတော် အနေဖြင့်       သမိုင်းဝင်စာချုပ်တစ်ခုကို မည်သည့်အခါမျှ   ပျက်ပြယ်ခံမည်မဟုတ် မှာသေချာပါသည်။ UN အပါအဝင် နိုင်ငံ တကာအသိသက်သေနှင့်    ပြည်တွင်း  အသိသက်သေများ     ရှေ့မှောက်တွင် အစိုးရ၊   လွှတ်တော်၊   တပ်မတော်နှင့် EAOs များက   စိတ်တူကိုယ်တူပါဝင် လက်မှတ်ရေးထိုးထားသော သဘောတူ စာချုပ်ကြီးဖြစ်၍  ယခုကဲ့သို့   (၈)   နှစ် မြောက်       နှစ်ပတ်လည်အခမ်းအနားကို လက်တွေ့ကျကျ        အနှစ်သာရရှိရှိ  အလေးအနက်ထား ကျင်းပသွားမည်ဟု  သိရသည့်အခါ       ထိုအချက်အပေါ် သက်ဆိုင်သူအားလုံးက နိုင်ငံချစ်စိတ်ဖြင့်      အလေးအနက်ထား     ပူးပေါင်းပါဝင်    ဆောင်ရွက်ကြရန်သာ အဓိကကျပါသည်။ 


ဆွေးနွေးညှိနှိုင်း၍               ရလာမည့် နိုင်ငံရေးထွက်ပေါက်တစ်ခုကို ဖွင့်ပေးပြီး  ဖြစ်ရာ      ဤလမ်းကြောင်းအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း လျှောက်လှမ်းရန်သာ ရှိပါသည်။    ပူးပေါင်းဆောင်ရွက်ကြရန် အချိန်တန်ပြီဖြစ်၍       မိမိတို့နယ်မြေ အလိုက် တည်ငြိမ်အေးချမ်းရေးမှာ မိမိ တို့တွင် တာဝန်အရှိဆုံးဖြစ်သည်ဆိုသောအချက်ကို   အလေးအနက်ခံယူကြရန် ပင်ဖြစ်သည်။    ငြိမ်းချမ်းသည့်ခေတ်များ၊ နှစ်များ အင်မတန်နည်းခဲ့ရသည့် မြန်မာ ပြည်ကြီးမှာ   သေနတ်သံ၊  ဗုံးသံများကို မည်သူမျှ  ဆက်ပြီးကြားချင်တော့မည် မဟုတ်ပါ၊        ကျွန်တော်တို့နိုင်ငံတွင် ယုတ်စွအဆုံး      အများကြိုက်သည့် ဒီမိုကရေစီခေတ်မှာပင်      ငြိမ်းချမ်းခဲ့ သည် မဟုတ်ပါဘူး။ သို့ပေမယ့် သမိုင်းပေး တာဝန်အရ         ငြိမ်းချမ်းရေးတံခါးကို ဖွင့်မည့်သူကတော့ ဆက်ပြီးဖွင့်ပေးထားဦးမှာပါပဲ။       ။