နိုင်ငံအချင်းချင်း ပူးပေါင်းမှုတိုးတက်ခိုင်မာ
အယ်ဒီတာ့အာဘော်
============
နိုင်ငံအချင်းချင်း ပူးပေါင်းမှုတိုးတက်ခိုင်မာ
=========================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ် သော (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီး အစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများ သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။