ကြေးမုံ စာတည်းရှုထောင့်

ရွေးကောက်ပွဲအောင်မြင်ရေး လက်တွဲဝန်းရံ

အယ်ဒီတာ့အာဘော်

============

 

ရွေးကောက်ပွဲအောင်မြင်ရေး လက်တွဲဝန်းရံ

=========================

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်း၌ ယခု နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၆၀ ကာလအတွင်း ထုတ်ပြန်ထားသော ဥပဒေစည်းကမ်းများ နှင့်အညီ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ခဲ့ကြရာ ယနေ့ည ၁၂ နာရီမှစ၍ ထိုလုပ်ငန်းစဉ်များအားလုံး ပြီးဆုံးပြီဖြစ်သည်။

 

သဘာဝဘေးကို မျက်ခြည်မပြတ်သတိကပ်

အယ်ဒီတာ့အာဘော်

============

 

 

သဘာဝဘေးကို မျက်ခြည်မပြတ်သတိကပ်

=========================

 

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် တစ်ချိန်တည်းတွင် အခြားသဘာဝဘေးအမျိုးမျိုးတို့ကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်ကို တွေ့ရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံအချို့တွင် မိုးခေါင်၊ ရေကြီး၊ မုန်တိုင်း၊ မြေပြို စသည့်သဘာဝဘေးများ ကပ်ရောဂါနှင့်အတူ တစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေရာ ပြည်သူများ မည်မျှဒုက္ခဆင်းရဲရောက်ကြ ရသည်ကို ခန့်မှန်းကြည့်နိုင်သည်။

 

ရွေးကောက်ပွဲစည်းကမ်းဥပဒေလိုက်နာ

အယ်ဒီတာ့အာဘော်

=========

 

ရွေးကောက်ပွဲစည်းကမ်းဥပဒေလိုက်နာ

=====================

ဒီမိုကရေစီသည် အများပြည်သူဆန္ဒကို ဦးစားပေးသည့် စနစ်ဖြစ်သည်။ ပြည်သူများ၏ဆန္ဒနှင့်အညီ ဦးစားပေးဆုံးဖြတ်သည့် နိုင်ငံရေးစနစ် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကို ပြဋ္ဌာန်းထားသော စည်းကမ်းဥပဒေပါ အတိုင်း စနစ်တကျကျင်းပကြသည်။

အထူးသတိပြုရမည့်နေရာ အထူးလိုက်နာ

အယ်ဒီတာ့အာဘော်

============

 

အထူးသတိပြုရမည့်နေရာ အထူးလိုက်နာ

========================

 

ယခုနိုဝင်ဘာလဆန်းသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးကာလ ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ၌ ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရခြင်း ဖြစ်သည်။ ကိုဗစ်ကလည်းအရေးကြီး၊ ရွေးကောက်ပွဲကလည်းအရေးကြီးဖြင့် အထူးသတိထားလုပ်နေရသည့်အချိန် ဖြစ်သည်။ ယခုအခါ ကြိုတင်ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်သည်။ မကြာမီ တွင် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်သည်။

 

ပညာသည်သာ တိုးတက်မှုအဖုံဖုံကို ဖန်တီးနိုင်

အယ်ဒီတာ့အာဘော်

=========

 

ပညာသည်သာ တိုးတက်မှုအဖုံဖုံကို ဖန်တီးနိုင်

=======================

 

တိုင်းပြည်တစ်ပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးတို့တွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်း နိုင်ရေး စသည်တို့ကို ဖန်တီးတည်ဆောက်ကြရာ၌ သက်ဆိုင်ရာကဏ္ဍ အလိုက် အားကောင်းခိုင်မာသည့် စည်းကမ်းစနစ်ကောင်းမွန်မှုနှင့် တွေးခေါ် မြော်မြင်ဆင်ခြင်နိုင်မှုအားကောင်းသော လူသားအရင်းအမြစ်များ တက်ညီ လက်ညီ ပါဝင်လာရန်လိုအပ်ပါသည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)

အယ်ဒီတာ့အာဘော်

============

 

သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)

======================

 

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သည် ပြီးခဲ့သည့် ဝါဆိုလပြည့်နေ့မှစ၍ ဝါဆိုဝါကပ် တော်မူခဲ့သော ရဟန်းသံဃာတော်များ ဝါတွင်းသုံးလပြည့်မြောက်ပြီး ဝါထွက်တော်မူသည့်နေ့ ဖြစ်သည်။ ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ သီတင်းသုံးရာမှ ကျွတ်လွတ်သောကာလကို ဝါကျွတ်ကာလဟု ဆိုသည်။

 

ကူးစက်ရောဂါ ဆက်လက်သတိပြုလိုက်နာ

အယ်ဒီတာ့အာဘော်

==========

 

ကူးစက်ရောဂါ ဆက်လက်သတိပြုလိုက်နာ

========================

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အနည်းငယ်ကျဆင်းလာသည့် အလားအလာကို တွေ့ရသည်။ သို့သော် သေဆုံးသူ အရေအတွက်လျော့လာ သော်လည်း ရောဂါဖြစ်ပွားမှုမှာ ထောင်ဂဏန်းအထက်ရှိနေသေး၍ ဖြေလျှော့ နေထိုင်ရန် မသင့်သေးပေ။ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကိုသာ ဆက်လက်လိုက်နာရန်လိုအပ်ပါသည်။

ကိုယ်စိတ်ချမ်းသာ သီတင်းကျွတ်အခါ

အယ်ဒီတာ့အာဘော်

============

 

ကိုယ်စိတ်ချမ်းသာ သီတင်းကျွတ်အခါ

======================

 

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၏ သီတင်းကျွတ်ရာသီ ရောက်လာပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ သီတင်းကျွတ်ကာလ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ အများပြည်သူ တို့အဖို့ သီတင်းကျွတ်ပိတ်ရက်ငါးရက်အတွင်း မြတ်စွာဘုရားရှင်အား ရည်မှန်း၍လည်းကောင်း၊ မိသားစုများ စိတ်နှလုံး အေးချမ်းကြည်နူးရွှင်ပျော် စေရန်အတွက်လည်းကောင်း မိမိတို့နေအိမ်၌ သီတင်းကျွတ် မီးထွန်းသဘင်ကို ဆင်ယင်ကျင်းပနိုင်ပြီဖြစ်သည်။

 

တက္ကသိုလ်ဂုဏ်ဒြပ်ကို ထိန်းသိမ်းမြှင့်တင်

အယ်ဒီတာ့အာဘော်

=========

 

တက္ကသိုလ်ဂုဏ်ဒြပ်ကို ထိန်းသိမ်းမြှင့်တင်

=====================

 

ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံအတွက် သမိုင်းအစဉ်အလာကြီးမားသော ဗိမာန်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ် များအားလုံး၏ အုပ်ထိန်းသူဖြစ်သည်။ ပညာရည်နို့သောက်ခဲ့ရသော မိခင် ဖြစ်သည်။ စွမ်းရည်၊ သတ္တိ၊ အားမာန်များ ဖြည့်စွမ်းပေးခဲ့သော ဖခင်ဖြစ်သည်။ ဤသို့သော တက္ကသိုလ်ကြီး မြန်မာနိုင်ငံတွင် နှစ် ၁၀၀ တိုင် ထည်ထည် ဝါဝါ ရပ်တည်နိုင်သည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်