ရောဂါကာကွယ်ထိန်းချုပ်ရေး အစဉ်လိုက်နာ
အယ်ဒီတာ့အာဘော်
============
ရောဂါကာကွယ်ထိန်းချုပ်ရေး အစဉ်လိုက်နာ
=========================
ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည်မှာ တစ်နှစ် ပတ်လည်ပင် ပြည့်တော့မည် ဖြစ်သည်။ တစ်နှစ်တာကာလ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ကမ္ဘာ့ပြည်သူသန်းပေါင်း ၆၀ ကျော်ရှိပြီး သေဆုံးသူပြည်သူ တစ်သန်းခွဲခန့်အထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါ အဆုံးသတ် မည့်ကာလသို့ အမြန်ဆုံးရောက်ရှိနိုင်ပါစေဟု မျှော်လင့်ဆုတောင်းနေကြသည်။