အကျိုးမရှိသည့်နိုင်ငံရေးတလွဲကောက်ချက် ပယ်ချ
ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၈) ကြိမ် မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆွေးနွေးမှု (၃) ခုကို သက်ဆိုင်သည့် မြန်မာနိုင်ငံမပါဘဲ တင်သွင်းဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူက စက်တင်ဘာ ၂၂ ရက်တွင် နှုတ်ဖြင့်တင်သွင်းခဲ့ပြီး စက်တင်ဘာ၂၃ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက တင်ပြခဲ့မှုများမှာ တရားနည်းလမ်းမကျသည့် တစ်ဖက်သတ်တလွဲကောက်ချက်စွပ်စွဲမှု များဖြစ်သည်။