ပြည်သူများစိတ်ချမ်းမြေ့ရေး စည်းကမ်းလိုက်နာ
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများကို အချိန်ကာလရှည်ကြာစွာ ခံစားနေကြရသော်လည်း အဆိုပါရောဂါစိန်ခေါ်မှုကို ကြံ့ကြံ့ခံတွန်းလှန်ရင်း မိမိတို့၏လူမှုစီးပွားရေးဘဝများ ပုံမှန်လည်ပတ်နိုင်အောင် စည်းကမ်းများကို လိုက်နာရင်း၊ ရောဂါကို သတိမူရင်း လှုပ်ရှားဆောင်ရွက်နေကြသည်။