အားလုံးပါဝင်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖော်ဆောင်
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ အမျိုးသားခေါင်းဆောင်ကြီးများ လမ်းညွှန်ပေးခဲ့သည့်၊ ပြည်သူများလိုလားသည့်၊ နိုင်ငံတကာလက်ခံသည့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျင့်သုံးခဲ့သည်။ ဒီမိုကရေစီစနစ်တွင် အများဆန္ဒကိုဦးစားပေးသော လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ပြီး နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဖော်ဆောင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်ဖြင့် ထိန်းညှိဆောင်ရွက်ကြသည်။