နယ်ရုံးများ၏သတင်းများ

Oct 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
Oct 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာမူလွန်ကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့ကို အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 05,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက စံရွေးကျေးရွာနှင့်အောက်လက်ပံခုန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
Oct 04,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အောက်တိုဘာလ (၄) ရက်နေ့ နံနက်(၉)နာရီခွဲက  စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် အ.လ.က(အနောက်ရပ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ 
Oct 04,2023
‌တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဆရာအဆင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Oct 04,2023
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Oct 04,2023
နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းရှိ ပတ္တမြားခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။