နယ်ရုံးများ၏သတင်းများ

Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ စေတနာရှင်များ၊ ပြည်သူများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကြိုတင်ကာကွယ် တားဆီးရေးအတွက် Mask နှင့် အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်း Mask Campaign ကို ယမန်နေ့နံနက် ၉နာရီ က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျှက်ရှိကြသည်။
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ကုန်လုံခြုံ စိတ်ချနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကညင်တိုင်အုပ်စု၊ တုံးတောကျေးရွာတွင် ကျေးရွာနေ စီးပွားရေး လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာများကို အသိပညာ ပေးဟောပြောခဲ့ကြောင်းသိရသည်။
Aug 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့မဈေး၊ ပန်းခြံလမ်းဆုံနှင့် နောင်ပါရင်ရပ်ကွက် တို့၌ ယနေ့နံနက်(၇) နာရီ က အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)အရ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန အောင်ဟိတ် ငါးလုပ်ငန်း စခန်းမှ Covid-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် အောင်ဟိတ်ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 27,2020
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်​ပြီး ယခုအခါ မဲစာရင်းများ တိကျမှန်ကန်ရေး​ ဆောင်ရွက်လျှက်ရှိသည်။ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အ တွင်းရှိ မြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် မဲစာရင်းများကို ဇူလိုင် ၂၅ မှသြဂုတ် ၁၄ ရက်ထိ ပြည်သူများသိရှိရန် ကပ်ထားပေးခဲ့ သည်။
Aug 27,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းနှင့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရန် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့က ယနေ့နံနက်ပိုင်းက စတင်ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများသို့ အိမ်တိုင်ရာရောက် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့သည်။