နယ်ရုံးများ၏သတင်းများ

Jul 10,2026
ရှေးဦးစွာ အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမို့မို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ‌ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်း ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
Jul 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်  အသိပညာပေးဟောပြောပွဲကို ကျောက်တလုံးကြီးအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
Jul 10,2026
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပခဲ့သည်။
Jul 10,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 10,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Jul 10,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်များ ပြသခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Jul 10,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက အလက(မုကျိ)ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က စာရေးဆရာဦးအောင်သင်း၏ လူငယ်ရဲ့ ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့်  လူငယ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။