ဖား​ဆောင်းမြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများတွင် ​ကျောင်းသား၊ သူများအား ပန်းခင်းစီမံချက်အဆင့်-၂ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်​ပေး

ဖား​ဆောင်း     စက်တင်ဘာ       ၂၉

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများနှင့်​ကျောင်းသား၊​ ကျောင်းသူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​ရေးအတွက် နိုင်ငံသားစိစစ်​ရေးကတ်ပြားမရရှိ​သေးသူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် ရပ်ကွက်/​ကျေးရွာများအ​ရောက် အခမဲ့ကွင်းဆင်း​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့နံနက်(၉)နာရီက ​တောင်ပိုင်းရပ်ကွက်၊ အ​ခြေခံပညာမူလတန်းကျောင်းသို့ သွား​ရောက်ပြီး ​ကျောင်းသား/သူများအား ကွင်းဆင်းပြုလုပ်​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်​ပေးရာတွင် ဖား​ဆောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူးဦးမိုး​ကျော်ဦးက ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် အိမ်​ထောင်စုလူဦး​ရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်​ဆောင်ရွက်​ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့်နိုင်ငံသားစိစစ်​ရေးကတ်ပြားမပြုလုပ်ရ​သေး​သော အသက်(၁၀)နှစ်ပြည့် နိုင်၃(က)ပြုလုပ်သူ ကျောင်းသား(၁၆)နှင့်​ကျောင်းသူ(၃၁)ဦး စုစု​ပေါင်း(​၄၇)ဦးတို့ကို အထောက်အထားများစိစစ်ကာ ပြုလုပ်​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ(၂၃)ရက်​နေ့ကလည်း မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်း​ကျောင်း၌ နိုင်ငံသားစိစစ်​ရေးကတ်ပြားမပြုလုပ်ရ​သေး​သော နိုင်၃(က)ပြုလုပ်သူ​ကျောင်းသား(၂၃)ဦးနှင့်​ ကျောင်းသူ(၂၆)ဦးစုစု​ပေါင်း(၄၉)ဦးတို့ကိုလည်း ပြုလုပ်​ပေးခဲ့​ကြောင်းနှင့် အဆိုပါလုပ်ငန်းများ​ဆောင်ရွက်​​ပေး​နေ့မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူးဦးကြည်လင်နှင့်​ကျောင်းတာဝန်ခံဆရာ၊ ဆရာမများကကြည့်ရှုအား​ပေးခဲ့ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)