မယ်စဲ့ ဖေဖော်ဝါရီ ၂၃
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာ ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့လယ်လမ်းဆုံနှင့် မြို့မရဲစခန်းရှေ့တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့တွင်းသွားလာနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများအား ယာဉ်စည်းကမ်း၊ လမ်းစဉ်းကမ်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့တွင်းသို့မောင်းနှင်ပါက အရှိန်လျှော့မောင်းနှင်ရန်၊ စည်းကမ်း ဖောက်ဖျက် မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်များ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)