မယ်စဲ့မြို့နယ်တွင် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

မယ်စဲ့ ဖေဖော်ဝါရီ ၂၂

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအတန်းများဖြစ်သည့် Grade-5 နှင့် Grade-9 ၏ နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ၏နှစ်ဆုံးစာမေးပွဲကို အထက(မယ်စဲ့) စာစစ်ဌာနနှင့် အထက(ခွဲ) ပန်တိန်း စာစစ်ဌာနနှစ်ခုဖွင့်လှစ်၍ ဖြေဆိုလျက်ရှိရာ အထက(မယ်စဲ့)စာစစ်ဌာနတွင် Grade-5 အတန်း၌ဖြေဆိုရန် စာရင်းပေးထားသူ ၂၀ ဦး အနက် ဝင်ရောက်ဖြေဆိုသူ ၁၉ ဦး၊ Grade-9 အတန်း၌ ဖြေဆိုစာရင်းပေးထားသူ ၃၁ ဦးအနက် ဝင်ရောက်ဖြေဆိုသူ ၂၇ ဦးရှိပြီး အထက(ခွဲ) ပန်တိန်းစာစစ်ဌာနတွင် Grade-5 အတန်း၌ ဖြေဆိုရန် စာရင်းပေးထားသူ ၈ ဦးနှင့် ဝင်ရောက်ဖြေဆိုသူ ၈ ဦး၊ Grade-9 အတန်း၌ ဖြေဆိုရန် စာရင်း ပေးထားသူ ၅ ဦးနှင့် ဝင်ရောက်ဖြေဆိုသူ ၅ ဦး ရှိပြီး အထက(ခွဲ) ပန်တိန်းစာစစ်ဌာနအနေဖြင့် ပျက်ကွက်သူမရှိကြောင်း သိရသည်။

အဆိုပါ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနနှစ်ခုအား မြို့နယ်ပညာရေးမှူး ဒေါ်မင်းမင်းသန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(မယ်စဲ့)