ကယားပြည်နယ် စက်တင်ဘာ ၂၄ ရက်
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexper ဖြင့်(၂)ဦး စစ်ဆေးခဲ့ရာ (၁) ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၂၃)ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၈၁) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၄၁) ဦးပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၄၂)ဦး မှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၁၅) ဦး၊ လွိုင်ကော်မြို့နယ်ရှိ(PMC) တွင်(၁၉)ဦး၊ ဘောလခဲ မြို့နယ်ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၃)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC) များတွင်(၂) ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)တွင် (၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်းသိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၄၂) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၃,၂၅၃)ဦးရှိပြီး ဆေးရုံဆင်း လူနာ(၂,၄၇၉)ဦးရှိပြီး စုစုပေါင်းသေဆုံးလူနာ(၁၂၂)ရှိပြီဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၃၉) ဦး၊ Positive Medical Centre များတွင် (၁၈၁)ဦး၊ ဒီးမော့ဆိုမြို့နယ်တွင် (၆၅)ဦး၊ ဘောလခဲမြို့နယ်တွင်(၅၇)ဦး၊ ရှားတောမြို့နယ်တွင် (၁)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၇၈)ဦး၊ တပ်မတော်ဆေးရုံတွင် (၄)ဦး၊ မယ်စဲ့မြို့နယ်တွင် (၁၂၇)ဦး၊ စုစုပေါင်း (၆၅၂)ဦးအား ကုသပေးလျက် ရှိကြောင်းကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။
လွိုင်ကော်ခရိုင်(ပြန်/ဆက်)