ရှားတော စက်တင်ဘာ ၂၃
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရှားတော မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြောက်ပိုင်းကျေးရွာအုပ်စု၊ ဒေါ်ဝယ်ကျေးရွာ ဆေးပေးခန်း တို့တွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော် က ဦးဆောင်ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြောက်ပိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများအား သွေးပေါင်ချိန် တိုင်းတာခြင်း၊ ဆီးချိုသွေးချို စသည့်ရောဂါများ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဒေါ်ဝယ်ရောကျေးရွာ ဆေးပေးခန်း၌ ဒေါဝယ်ရော ကျေးရွာနှင့် အနည်းအနားရှိကျေးရွာမှ ပြည်သူများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများကိုလည်းကောင်း ထိုးနှံပေးခဲ့ရာ ရှားတောမြို့နယ်တွင် စက်တင်ဘာ (၂၃)ရက်နေ့အထိ ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း (၃၄၅)ဦးရှိပြီး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)