ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၄၀) ဉီးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၃၉၉၄)ဦးရှိကာ ယနေ့သေဆုံးလူနာ(၁)ဦးရှိ
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၂)ဦး ပို့းတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၂၂)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၁၀၈) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၃၈) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၄၀)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၁၀) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၃)ဦး၊ ဖရူဆိုမြို့နယ် ဆေးရုံတွင်(၂)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၁၃)ဦး ၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၂)ဦး ၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၃)ဦး၊ မယ်စဲ့မြို့နယ်ရှိ (_PMC)များတွင် (၅)ဦး ထားရှိ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။