လွိုင်ကော် နိုဝင်ဘာ ၁၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အကြောင်း အရာများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်တင်မာဝင်း ကလူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာကော်မတီများကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းထားပြီး ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက် ခြင်းများကို အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ယခုလို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ (TCRC) ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အဆင့် အစိုးရဌာန အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကလေးသူငယ် မှုခင်းများ မဖြစ်စေရေး၊ ကြိုတင်ကာကွယ် နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ချမှတ် ဆောင်ရွက်ရန် လိုကြောင်း၊ ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် ပရဟိတဂေဟာများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ရွာပြည်သူလူထုများအား CRC နှင့်CP အသိပညာ ပေးသင်တန်းများ ပို့ချပေးလျက်ရှိကြောင်း စသည်တို့ကိုရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များက အထွေထွေဆွေးနွေးခဲ့ပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)