ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၂၆) ဦးရှိပြီး ယနေ့ထိ ဆေးရုံ ဆင်းခွင့်ရသူ (၄,၈၉၈)ဦးရှိကာ ယနေ့သေဆုံးလူနာ (၁)ရှိ

ကယားပြည်နယ် နိုဝင်ဘာ ၁၅ ရက်

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၄) ရက် နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၇၄) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၂၆) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂၆)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၆) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၁)ဦး၊ ဘောလခဲမြို့နယ် ဆေးရုံတွင်(၃)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၅)ဦး၊ ဖားဆောင်းမြို့နယ် (PMC)များတွင် (၄)ဦး၊ ရှား​တောမြို့နယ်ရှိ  (PMC)များတွင် (၆)ဦး နှင့်ဖားဆောင်းမြို့နယ်ဆေးရုံတွင်(၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၆) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၅၆၁) ဦး၊ ဆေးရုံဆင်း လူနာ (၄,၈၉၈)ဦးရှိပြီးယနေ့တွင် သေဆုံးလူနာ(၁)ဦးမှာ ဖရူဆိုမြို့တွင်ဖြစ်ပြီး ​ယ​နေ့အထိ သေဆုံးလူနာ စုစုပေါင်းမှာ (၂၁၆)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၆) ဦး၊ Positive Medical Centre များတွင် (၂၇)ဦး၊ ဘောလခဲ မြို့နယ်တွင် (၇၆)ဦး၊ ဖားဆောင်း မြို့နယ်တွင် (၇၄)ဦး၊ မယ်စဲ့မြို့နယ်တွင် (၁၀၈)ဦး၊ ရှားတောမြို့နယ်တွင် (၉၅)ဦး နှင့်မိုးဗြဲ ဆေးရုံတွင်(၁)ဦး ​စုစုပေါင်းလူနာ (၄၄၇) ဦးတို့အားကုသပေးလျက် ရှိကြောင်းကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)