မယ်စဲ့မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ် လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။