လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် ၊ ပညာရေးဘွဲ့ B.Ed စာပေး စာယူ ပထမနှစ်သင်တန်း (၁/၂၂) သင်တန်းသား ၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား ပြုလုပ်
ပညာရေးဝန်ကြီးဌာန ၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ B.Ed စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ဧပြီလ ၂၂ ရက်နေ့ ၊ နေ့လည် ၂ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။