လွိုင်ကော် ဇွန် ၅
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်ဥပဒေချုပ်၊ ဦးကြည်မြိုင်က ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ်၏ အမှာစကားကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဥပဒေအရာရှိ၊ ဦးဇော်ဝင်းဇံက ဥပဒေရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် များ၏ ရုံးလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်သည့် ရှင်းလင်းချက်များအား ထပ်ဆင့်ရှင်းလင်း ပြောကြား ခဲ့သည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲသို့ ကယားပြည်နယ်ဥပဒေချုပ်ရုံး လက်အောက်ရှိ ခရိုင်၊ မြို့နယ် ဥပဒေရုံးများမှ ဝန်ထမ်း (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)