အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၇၈၃) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေး
လွိုင်ကော်မြို့နယ်အတွင်း ကျောင်းများစတင် ဖွင့်လှစ်သည့်နေ့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၇၈၃)ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ်ကို လျာထားချက်ပြည်မီအောင် ယမန်နေ့မှ စတင်းပြီး အမှတ် (၁) နှင့် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။