ဖား​ဆောင်းမြို့နယ်၌ မြို့နယ်အဆင့် ​ကျောင်းအပ်နှံ​ရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ

ဖား​ဆောင်း မေ  ၃၀

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ် အဆင့် ကျောင်းအပ်နှံ​ရေးရက်သတ္တပတ် အခမ်းအနားကို ယမန်​နေ့က  အ​ခြေခံပညာအထက်တန်း​ကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့်​ကျောင်းသားမိဘများ၊​ ကျောင်းသား၊​ ကျောင်းသူများ တက်​ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးက ​မြို့နယ်အဆင့်​​ ကျောင်းအပ်နှံ​ရေး ရက်သတ္တပတ်အဖြစ်​ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ လူတိုင်းအ​ခြေခံပညာသင်ယူခွင့်ရရှိ​စေရန်၊​ ကျောင်းအပ်နှံ​ရေး အခွင့်အလမ်းများရရှိပြီး​ကျောင်းတက်၊​ ကျောင်း​နေနှုန်း မြင့်မားလာ​စေရန်နှင့် အခမဲ့ပညာ​ရေးစနစ်ကျယ်ကျယ်ပြန့်ပြန့် အ​ကောင်အထည်​ဖော်​ရေးတို့​ဖြစ်ပါ​ကြောင်း၊​ ကျောင်းအပ်နှံ​ရေး လုပ်ငန်းစဉ်အောင်မြင်နိုင်​ရေး အတွက် ​ဒေသဆိုင်ရာလူမှု​ရေးအသင်းအဖွဲ့များ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများက ပူး​ပေါင်း​​ဆောင်ရွက်ကြ​စေလို​ကြောင်း အဖွင့်အမှာစကား ​ပြောကြားခဲ့ပြီး​နောက် မြို့နယ်ပညာ​ရေးမှူး ဦးကြည်လင်က ၂၀၂၂-၂၀၂၄ ပညာသင်နှစ် ​ကျောင်းအပ်နှံ​ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​​ရေးမှူးနှင့် တာဝန်ရှိသူများက အဆင့်မြင့်ပညာဦးစီးဌာနမှ အခမဲ့ဖြန့်​ဝေ​သော ​ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊​ ဘောပင်၊ ခဲတံ၊ Mask၊Facesheild တို့ကို အ​ခြေခံပညာ​ကျောင်းအသီးသီးတို့ ​ထောက်ပံ့​ပေးအပ်ခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)