ကချင်ပြည်နယ်

ရွှေကူမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်၍ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ဆီမုန်ညှင်းစိုက်ခင်းများနှင့် အထက်နမ့်ထွမ်ရေအား လျှပ်စစ်စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေး

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း ဒေသတွင်း စားဆီဖူလုံရေးအတွက် သီးထပ် စိုက်စွမ်းအား တိုးမြှင့်နိုင်ရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ဆီမုန်ညှင်းစိုက်ခင်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မြစ်ကြီးနားမြို့၌ ဒေသထွက်တစ်သျှူးငှက်ပျောသီးဝိုင်နှင့် ဂရိတ်ဖရုဝိုင် ထုတ်လုပ်မှုနည်းပညာလွှဲပြောင်း သင်တန်းဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်တစ်သျှူးငှက်ပျောဝိုင်နှင့် ဂရိတ်ဖရုဝိုင် ထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကူအညီဖြင့် ဖြစ်ထွန်းနေသော ငါးမွေးမြူရေးလုပ်ငန်းနှင့် MSME ကုန်ထုတ်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်း စားဆီဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန် ထုတ်လုပ်ငန်းများ တက်မြင့်မားလာစေရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကူအညီဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပူတာအိုခရိုင်၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေကူမြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမျိုးသား/အမျိုးသမီး တံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄−၂၀၂၅ ပညာသင်နှစ် အမျိုးသား/အမျိုးသမီးတံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီခွဲအချိန်က တက္ကသိုလ်မိုးလုံလေလုံ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ပူတာအိုခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဘက်စုံထူးချွန်ထက်မြက်သော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာနိုင်ရေးအတွက် ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အလွတ်တန်း(ကျား/မ) မီနီမာရသွန်အပြေးပြိုင်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်း (ကျား/မ)မီနီမာရသွန်အပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ သခင်နက်ဖေလမ်းပေါ်၌ စတင်တာလွတ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မြစ်ကြီးနားဂေါက်ကလပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်