ပူတာအိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပူတာအို ဇူလိုင် ၁၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ဒေသခံပြည်သူများ လူမှုစီးပွားရေးနှင့် သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပူတာအိုခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်လက်ထောက်ညွန်ကြားရေးမှူး (မြို့ပြ)ဦးဝင်းသန့်အောင်သည် တာဝန်ခံအင်ဂျင်နီယာ ဦးသော်ဇင်ဦးနှင့်အတူ ၂၀၂-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်းပေါင်း (၈၉ဒသမ၅၂၂)သန်းဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ်၊ ဝါးဆားကျေးရွာနှင့်လုံမူဒမ်း(၂)ကျေးရွာချင်း ဆက်သွယ်ထားသော လမ်းပေါ်ရှိ နမ့်ပလန့်ချောင်းကူးကြိုး တံတားအရှည်(၂၀၀)ပေနှင့်အကျယ်()ပေ ချောင်းကူးကြိုး တံတားတည်ဆောက်ခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ရေးလုပ်ငန်း(၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း(၄၆၀ ဒသမ ၄၃၈)သန်းဖြင့် ပူတာအိုမြို့နယ် နမ်ရှယ်ရှီးဒီကျေးရွာနှင့် နမ်ရှယ်ဇွပ်ကျေးရွာ ဆက်သွယ်လမ်းအရှည်()မိုင် (၁)ဖာလုံအား သဲကျေ က်လမ်းခင်းခြင်းလုပ်ငန်းကို JSJ ကုမ္ဗဏီက တည်ဆောက်ရေးလုပ်ငန်း (၁၅)ရာခိုင်နှုန်းပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးစဉ် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းသန့်အောင်က ကျေးရွာများအတွက် အမှန်တကယ်ရေရှည်အကျိုးပြုသည့် လမ်း၊ တံတားဖြစ်စေရေး၊ သတ်မှတ် အရည်အသွေး ပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါကြိုးတံတားတည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးပါက ကျေးရွာ(၂)ရွာ၊အိမ်ခြေ(၁၄၂)အိမ်၊ လူဦးရေ(၈၂၀)ဦးနှင့် သဲကျောက်ခင်းခြင်းလုပ်ငန်းအတွက် ကျေးရွာ(၂)ရွာ၊ အိမ်ခြေ(၁၁၀)အိမ်၊ လူဦးရေ(၅၄၂) ဦး၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့လာမည့်အပြင် ဒေသခံပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် များစွာ အကျိုးပြု လာမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)