မိုးညှင်းမြို့နယ်၌ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်စာရင်းများအား ပြည့်စုံမှန် ကန်စေရေးအတွက် ပူးပေါင်းတိုက်ဆိုင်စိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်စာရင်းများ အား ပြည်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းတိုက်ဆိုင်စိစစ်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလ ၁၁ နေ့နံနက် (၉)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။