ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးမည့်တောင်သူများအား မျိုးကောင်းမျိုးသန့်မျိုးစေ့များ ချီးမြှင့်ပေးအပ်ပြီး စီတာပူရပ်ကွက်အတွင်း မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအားကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့်စားဆီ ဖူလုံရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မိုးစပါးရိပ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ တောင်သူများထံ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အောက်တို ဘာ ၈ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ဘုတ်စိုက်ထူ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးစို့” မြေစိုက်ဘုတ်ကို တနိုင်းမြို့၊ ဟူးကောင်းခန်းမရှေ့နှင့် လီဒိုလမ်းမကြီးပေါ် ရဲစခန်းရှေ့ နေရာများတွင် ယမန်‌နေ့ နံနက် ၈ နာရီက စိုက်ထူခဲ့သည်။

နောင်မွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာ မဲဆန္ဒရှင်ပြည်သူများလာရောက်ကြည့်ရှု

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာလျက်ရှိရာပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည်နေ့၌ မြစ်ကြီးနားမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒီသာဧည့်ခံကျွေးမွေး

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၌ မြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးများတွင် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်းနှင့် စတုဒီသာများဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေး မြေစိုက်ပိုစတာ(Bill board) စိုက်ထူပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေး ခြင်းဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) များ စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားများကို ယနေ့နံနက် (၈)နာရီက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲက နားခါရပ်ကွက်ရှိ အထင်ကရ ဆင်ရုပ်ကြီးအနီး မြို့လယ်လမ်းဆုံနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မြစ်ကြီးနားမြို့ရှိ စေတီပုထိုး၊ ဘုရားကျောင်းကန်များတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်ဆုတောင်းပြည့် စေတီတော်၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မြစ်ကြီးနားဇုန်အဆင့် တက္ကသိုလ်များ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေး ချီးမြှင့်

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြစ်ကြီးနားဇုန်အဆင့် တက္ကသိုလ်များ(အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပသည်။

မိုးညှင်းမြို့၌ ဘုရား၊ စေတီများတွင် ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ပေါ်ရှိ  အထင်ကရဘုရားများဖြစ်သည့် ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီးနှင့် မြသိန်းတန်ဘုရားအပြင် အခြားစေတီများတွင်လည်း သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

“ပညာရပ်များပေါင်းစုဖွဲ့လို့ သင်ကြားရေးအသွင်သစ်ကို ဖော်ဆောင်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်