ကချင်ပြည်နယ်

ပူတာအိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သဲကျောက်ခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ အောက်တိုဘာ ၁၃ ရက်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး ဒေသတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တက်ကြွစွာပါဝင်ကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများအားလုံးကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြသည်။

မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်နှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းနေမိသားစုများအား ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာမိသားစုများ နေထိုင်စား သောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲ ၂ နာရီ က မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်တရားလွှတ်တော်ရုံး RC (၄)ထပ် အဆောက်အဦသစ် တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပြီး မြေနေရာအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၏ တရားရေးမဏ္ဍိုင်အတွက် အဓိကကျသည့် ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စတင်တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်စိုးရအဖွဲ့နှင့် ပြည်နယ်တရားလွှတ်တော်ရုံးတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား အသက်(၁၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံး လိဂ်ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး၊ လယ်ကုန်း(ဇီးအွန်)ရပ်ကွက်အတွင်းရှိ OMF လီဆူယာယီတိမ်းရှောင်စခန်းနေ ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့

ကချင်ပြည်နယ်အတွင်းမှ ဖူဆယ်ဘောလုံးမျိုးဆက်သစ်အားကစားများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၅)နှစ်အောက် အမျိုးသား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးလိဂ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဝါလကင်းလွတ်အခါသမယ သီတင်းကျွတ်လပြည့်ကျော်(၅)ရက် မိုးကောင်းမြို့၏ တစ်မူထူးခြား သည့်ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ ဘုရားဖူးသူများစည်ကား

ဝါလကင်းလွတ်အခါသမယ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၏ တစ်မူထူးခြားသည့် မြို့ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော် (၅)ရက် အောက်တိုဘာ ၁၁ ရက်နေ့က တောင်ပေါ်ဘုရားဖူးသူများစည်ကားလျက်ရှိကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ သိပ္ပံဘာသာရပ်များနှင့် ဝိဇ္ဇာဘာသာရပ်များမှ သုတေသနစကားဝိုင်း ဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင်ပြုလုပ်သည့် သိပ္ပံဘာသာရပ်များနှင့် ဝိဇ္ဇာဘာသာရပ်များမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများအား သုတေသနစကားဝိုင်း ဆွေးနွေးပွဲကို အောက်တိုဘာ (၁၀)ရက် မွန်းလွဲ(၁)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်၊ နမ္မတီးဒေသရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာ၊ ဆီနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာ၍ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများသို့ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နမ္မတီးမြို့သို့ သွားရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးမည့်တောင်သူများအား မျိုးကောင်းမျိုးသန့်မျိုးစေ့များ ချီးမြှင့်ပေးအပ်ပြီး စီတာပူရပ်ကွက်အတွင်း မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအားကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့်စားဆီ ဖူလုံရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မိုးစပါးရိပ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ တောင်သူများထံ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အောက်တို ဘာ ၈ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ဘုတ်စိုက်ထူ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးစို့” မြေစိုက်ဘုတ်ကို တနိုင်းမြို့၊ ဟူးကောင်းခန်းမရှေ့နှင့် လီဒိုလမ်းမကြီးပေါ် ရဲစခန်းရှေ့ နေရာများတွင် ယမန်‌နေ့ နံနက် ၈ နာရီက စိုက်ထူခဲ့သည်။
Subscribe to ကချင်ပြည်နယ်