ဆွမ်ပရာဘွမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်၀င်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၃

ကချင်ပြည်နည်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရန် ဌာဆိုင်ရာအကြီးအကဲများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီက ဆွမ်ပရာဘွမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲအခမ်းအနား၌ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကားပြောကြားပြီး ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ ယခင်နှစ်များထက် အောင်ချက်မြှင့်မားလာစေရန် ဆွေးနွေးပြောကြားကြောင်း သိရှိရသည်။

ဆက်လက်ပြီး အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဦးခိုင်မင်းအောင်က ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ ကျောင်းဆရာ၊ ဆရာမများ ပူးပေါင်းပါဝင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆွမ်ပရာဘွမ်စာစစ်ဌာနအ‌နေဖြင့် တက္ကသိုလ်ဝင်စာမေးဖြေဆိုရန် ကျောင်းသား ကျောင်းသူများအား အောင်ချက်မြင့်မားလာစေရန်၊ ကျောင်းသားမိဘများက သားသမီးများအား အချိန်ပြည့် ဂရုစိုက်ပေးရန်၊ ကျောင်းစာများ၌ အာရုံစူးစိုက်၍ စိတ်ဓာတ်အလေအလွှင့်မရှိ ကျန်းမာရေးကို အထူးကရုစိုက်နေထိုင်နိုင်ရန်နှင့် အားလုံးဝိုင်းဝန်းကူညီကြမှသာ အောင်ချက်မြင့်မားလာမည်ဖြစ်ပါ​ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဌာန၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးကျောင်းသားမိဘများက တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

April moe(ဆွမ်ပရာဘွမ်)