မိုးညှင်းမြို့နယ်စည်ပင်သာယာ(မြို့မ‌)ဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မိုးညှင်း   ဒီဇင်ဘာ   ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်စည်ပင်သာယာ(မြို့မ)ဈေး၌ မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ‌ လေ့ကျင့်ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်စိုးသန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီး၊ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီးနှင့် အရန်မီးသတ်တပ်ဖွဲ့မှ ရေသယ်ယာဉ်(၁)စီး စုစုပေါင်း (၈)စီးတို့ဖြင့် သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းအဖွဲ့သည် မြို့မစည်ပင်သာယာရေးဈေးအတွင်း၌ ရေတွင်းရေကန်များမှ ရေသိုလှောင်ထားရှိမှုအခြေအနေများနှင့် အရေးပေါ်‌ရေရရှိရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း