ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပသည့် မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှားမှုအဖြစ် နိုင်ဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက လူထုစက်ဘီးစီးနင်းပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်း အထူးတန်းပွဲကြည့်စင်ရှေ့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။