ပူတာအိုမြို့နယ်၌ သမဝါယမအသင်းအမှုဆောင်များ စာရင်းရေး၊ စာရင်းကိုင်နှင့်မွမ်းမံ သင်တန်းဖွင့်လှစ်

ပူတာအို  ဖေဖော်ဝါရီ    ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်သမဝါယမဦးစီးဌာန ကကြီးမှူး၍ သမဝါယမအသင်းများ စာရင်းဇယားပြည့်စုံမှန်ကန်စွာရေးသွင်းထားရှိတတ်လာစေရန်၊ အသင်း လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်လာစေရန်၊ သမဝါယမအသင်း ဥပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကိုနားလည်လာစေရန်အတွက် သမဝါယမအသင်းအမှုဆောင်များ စာရင်းရေး၊ စာရင်းကိုင်နှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၂၅)ရက် နံနက်(၉)နာရီခွဲက ပူတာအို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုထွေးတို့က သင်တန်းသုံးအထောက်အကူပြုပစ္စည်းများအား သင်တန်းသား သင်တန်းသူ များထံလွှဲပြောင်းပေးအပ်သည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းပေါင်း(၄၀)သင်းမှ သင်တန်း သား သင်တန်းသူစုစုပေါင်း(၄၀)ဦးတို့အား မြို့နယ်သမဝါယမဦးစီးဌာနမှ သင်တန်းနည်းပြများက သမဝါယမဘာသာရပ်နှင့် စာရင်းရေး၊ စာရင်းကိုင်ဘာသာရပ်များကို ဖေဖော်ဝါရီ(၂၅)ရက်မှ (၂၆)ရက်နေ့အထိ သင်တန်းကာလ နှစ်ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်