တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ကလေးငယ်များ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံ တွင် ယနေ့ နံနက် (၉)နာရီမှစ၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။