တနိုင်း ဧပြီ ၂၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ဆွတ်ငိုင်ရပ်ကွက်ရှိ သီလရှင်ကျောင်း အတွင်း၌ သန့်ရှင်းရေးလုပ်ငန်းများကို ဧပြီလ ၂၆ ရက်နေ့ နံနက် (၈) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုအကျိုးပြု သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဇော်၀င်း ဦးဆောင်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့၀င် စုစုပေါင်း (၁၂) ဦးက သီလရှင်ကျောင်းအတွင်း တည်ထားကိုးကွယ်လျှက်ရှိသော "လိုတရချမ်းသာကြီး" စေတီတော်မြတ်ကြီးအား ရေသပ္ပါယ် ကုသိုလ်ယူပြုလုပ် ဆောင်ရွက် ခဲ့ကြပြီး စေတီတော်ရင်ပြင်၌ တံမြက်စည်းလှည်းခြင်းနှင့် သီလရှင်ကျောင်းအတွင်း ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ပေါင်းမြက်များ၊ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပိုင်ထွန်း(တနိုင်း)