ကချင်ပြည်နယ်

မချမ်းဘော့မြို့နယ်၌ ပူတာအိုဒေသလုံးဆိုင်ရာ ရွှေဆံပင်ယဥ်ကျေးလိမ္မာလူငယ် အထူးတရားစခန်း ဓမ္မသဘင် အကြိုအထူးတရားပွဲ ကျင်းပမည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် ရွှေဆံပင်ဆရာတော်နှင့် ပူတာအို သံဃာတော်များ ဦးစီးကျင်းပမည့် ပူတာအိုဒေသလုံးဆိုင်ရာ ရွှေဆံပင်ယဥ်ကျေးလိမ္မာ လူငယ်အထူး တရားစခန်းဓမ္မသဘင် အကြိုအထူးတရားပွဲကို ကောင်းမှုလုံစေတီတော်မြတ်ကြီးဘုရားဝန်းနှင့်

မချမ်းဘော၌ နွေရာသီအားကစားသင်တန်း ဆက်လက်သင်ကြား

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီ အခြေခံအားကစားသင်တန်းကို ဆက်လက်သင်ကြားလျက်ရှိ ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် လေးပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လူနေအိမ် (၂၁)အိမ်နှင့် လူမှုကူညီရေးရုံးတစ်ရုံး ထိခိုက်ပျက်စီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယမန်နေ့ ညနေ (၄)နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မမုန်ကိုင်ကျေးရွာအုပ်စုအတွင်း လူနေအိမ် (၂၁)အိမ်နှင့် လူမှုကူညီရေးရုံး တစ်ရုံးတို့ တစ်စိတ်တစ်ပိုင်း ထိခိုက် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်စီမံကိန်းကျေးရွာများရွေးချယ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် Smart Village၊ RBF၊ MSY နှင့် VDP မြို့နယ်အဆင့် စီမံကိန်းကျေးရွာများ ရွေးခြယ်ခြင်းကို ယမန်နေ့ (၁၁) နာရီတွင် အဆိုပါဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် များ ပြည့်မီစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီများထံ တာဝန်ပေးအပ်

ကချင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ၏ စီးပွားရေးမူဝါဒ ရည်မှန်းချက်များနှင့်အညီ ဦးစားပေးလုပ်ငန်းအစီအစဉ်များအပေါ် အခြေခံရေးဆွဲ ထားသည့် ကချင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် အင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ် (၁) အ‌ခြေခံအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ  အခမ်းအနားကို ဧပြီ ၂၃ ရက် မွန်းလွဲ (၁) နာရီက ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ကဏ္ဍများထဲက ဝါးပင်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ကဏ္ဍများထဲမှ ဝါးပင်အကြောင်း သိကောင်းစရာအသိပညာပေး Talk Showကို ဧပြီ ၂၅ ရက် နံနက် ၁၀နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကြပ်မတ် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် ခရိုင်နှင့် မြို့နယ်များအလိုက် ကျေးရွာများတွင် ရန်ပုံငွေများ ထုတ်ချေးထားခဲ့ပြီးဖြစ်ရာ လုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်အောင်မြင်စေရေး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယမန်နေ့ညနေ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

မိုးညှင်းမြို့နယ်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသော လူနေအိမ်များအား အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေများထောက်ပံ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စုအတွင်း လေးပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသာ လူနေအိမ်များအား အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေများကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်